အမျိုးသားစည်းလုံးညီညွတ်ရေးလမ်းကြောင်းပေါ် အတူတကွလျှောက်လှမ်း


Ministry of Information/ Naypyitaw / March 16, 2026
image_latest


ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို တားဆီးပိတ်ဆို့လျက်ရှိရာ နှစ်ကာလရှည်ကြာလာသည်နှင့်အမျှ မိမိတို့နိုင်ငံမှာလည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် နောက်ကျနေခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီနိုင်ငံဘဝ ကျရောက်ခဲ့ရခြင်း၊ ဒုတိယကမ္ဘာစစ်ကာလတွင် စစ်မြေပြင်ဖြစ်ခဲ့ရခြင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း နိုင်ငံရေးအယူအဆများ ကွဲပြားခဲ့ခြင်း၊ နယ်ချဲ့တို့အုပ်ချုပ်ခဲ့သည့် ကာလအတွင်း သွေးခွဲမှုနည်းပရိယာယ်နှင့် ပြဿနာများစွာတို့ ဖန်တီးခဲ့ခြင်း စသည်တို့က ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်မှုအတွက် မြစ်ဖျားခံရာ အကြောင်းအရာများပင်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ၏ အဦးအစသည် အယူဝါဒရေးကြောင့်၊ လူမျိုးစုရေးကြောင့်၊ ဘာသာရေးကြောင့် စသည်ဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကိုယ်ကျိုးစီးပွားနှင့် ပြည်ပစွက်ဖက်မှုများ စသည်တို့ ပါဝင်ရှုပ်ထွေးလာခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် ၁၀နှစ်တာကာလသည် ဒုတိယကမ္ဘာစစ်ကြောင့် ပျက်စီးခဲ့ရသည့် နိုင်ငံကို ပြန်လည်ထူထောင်ရမည့်ကာလဖြစ်သော်လည်း နိုင်ငံရေးအကွဲအပြဲများနှင့် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံတို့ ဆူပူသောင်းကျန်းမှုများကြောင့် နိုင်ငံကို ထပ်မံ၍ နိမ့်ကျသွားစေခဲ့ပြန်သည်။ စစ်ရေးဟူသည် နိုင်ငံရေးကို အခြားနည်းဖြင့် ကျင့်သုံးခြင်းဖြစ်ရာ စစ်ရေးတွင်ကျယ်လာခြင်းက နိုင်ငံရေးနည်းလမ်းကို ပျောက်ကွယ်သွားစေခဲ့သည်။ နိုင်ငံရေးယဉ်ကျေးမှုကိုလည်း နိမ့်ကျသွားစေခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ၊ အစိုးရအပြောင်းအလဲပေါ်လာတိုင်း လက်နက်ကိုင်အဖွဲ့ပေါ်လာသည့် အစဉ်အလာလည်း ဖြစ်လာသည်။

“အစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးကိုရရှိဖို့ ကြိုးစားခဲ့ကြပေမယ့် လုံးဝအဆုံးသတ်အောင်မြင်တဲ့အထိ မဆောင်ရွက်နိုင်သေးဘဲ ပြည်တွင်း ပြည်ပ သွေးထိုးနှောင့်ယှက်မှုတွေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေရှိနေသေးတာ ကျွန်တော်တို့အားလုံး အသိပဲဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ဆိုတာ အပစ်အခတ်ရပ်စဲရေးတစ်ခုကိုသာမက လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဇာစ်မြစ်ကိုပါ ဖြေရှင်းနိုင်အောင် ကြိုးစားရမှာဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းပေးကြရမှာဖြစ်ကြောင်း ထပ်မံအသိပေးပြောကြားလိုပါတယ်။ တိုင်းရင်းသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ စာနာမှုတွေမွေးမြူပြီး အနာဂတ်နိုင်ငံတော်နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် “အမျိုးသားစည်းလုံးညီညွတ်ရေး”လမ်းကြောင်းပေါ် အတူတကွ လျှောက်လှမ်းကြဖို့ အစဉ်အမြဲဖိတ်ခေါ်ကမ်းလှမ်းခဲ့သလို ယခုလည်း ဆက်လက်ပြီးတော့လည်း ဖိတ်ခေါ်ကြောင်း ပြောကြားလိုပါတယ်”ဟု မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများစွာ အတူတကွနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံကြီးဖြစ်ပြီး နိုင်ငံရေးစနစ်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်တွင်းရှိ မဲပေးခွင့်ရှိသူမဲဆန္ဒရှင်စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းခန့်သော မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်များ စတင်သက်ဝင်လှုပ်ရှားလာပြီဖြစ်ပြီး မကြာမီအစိုးရအဖွဲ့ ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအနေဖြင့် နိုင်ငံရေးဖြစ်စေ၊ နိုင်ငံ့အရေးဖြစ်စေ ဆွေးနွေးအဖြေရှာရန် နေရာအဖြစ် လွှတ်တော်အသီးသီးတို့ ရှိနေပြီးဖြစ်ရာ လက်နက်ကိုင်သည့် နည်းလမ်းကို စွန့်လွှတ်ရန် အချိန်တန်ပြီဖြစ်သည်။ နိုင်ငံတည်တံ့ခိုင်မြဲရေးအတွက် အပရိဟာနိယတရားတို့နှင့်အညီ အကျေအလည်ဆွေးနွေး၊ အညီအညွတ်ဆုံးဖြတ်၊ အားကြိုးမာန်တက် အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံနှင့်ပြည်သူတို့ အကျိုးအတွက် လက်တွေ့ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်သည်။

လက်ရှိအချိန်တွင် အချို့သော လက်နက်ကိုင်အဖွဲ့အစည်းများတွင် အစွန်းရောက်လူမျိုးရေးတရား သွေးထိုးလှုံ့ဆော်မှုများ၊ လူမျိုး တစ်မျိုးနှင့်တစ်မျိုး အမုန်းတရားများ၊ အာဃာတများ ဖြစ်ပေါ်လာအောင် သွေးခွဲဖန်တီးမှုများ စသည်တို့ ပြုလုပ်နေကြခြင်းမှာ တိုင်းပြည်နှင့်လူမျိုးကို ပျက်စီးရာပျက်စီးကြောင်းဖြစ်စေသည့် ကျူးလွန်မှုများပင်ဖြစ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏ အတိတ်ကာလနှင့် မျက်မှောက်ကာလ ခေတ်သမိုင်းကို သင်ခန်းစာယူ၍ စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပြည်သူ့အားဖြင့် တည်ဆောက်ကာ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း စည်းလုံးညီညွတ်သည့် အင်အားများဖြင့် အင်တိုက်အားတိုက် ပါဝင်ကြရပါမည့်အကြောင်း။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No. (3/ 2026)

Myanmar National Human Rights Commission / Posted on March 16, 2026

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ အစားထိုးခန့်အပ်ခြင်း

Ministry of Information / Posted on March 15, 2026

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ အစားထိုးခန့်အပ်ခြင်း

Video