အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ
အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ
Ministry of Information/ Naypyitaw / March 22, 2025

နေပြည်တော် မတ် ၂၁
အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေးအမျိုးသားကော်မတီ (National Complaints Mechanism– NCM) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေးအမျိုးသားကော်မတီ (National Complaints Mechanism – NCM) ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီဝင်များ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရနှင့် ILO တို့ SU ယန္တရားအရ လက်မှတ်ရေးထိုးအကောင်အထည်ဖော်ခဲ့သော ပူးတွဲတိုင်ကြားမှုယန္တရားမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သဖြင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာနေအစီအစဉ် (Decent Work Country Programme – DWCP) (2018-2021) အရ အဓမ္မခိုင်းစေမှုပပျောက်ရေးကို မိမိနိုင်ငံအစီအစဉ်ဖြင့် ဆောင်ရွက်ရန် အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၁) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ (Nati-onal Complaints Mechanism – NCM) အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ILO ကြား ၂၀၀၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် MoU ၏ နောက်ဆက်တွဲ နားလည်မှုစာချွန်လွှာ (Supplementary Under-standing – SU) အရ ၂၀၀၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း တိုင်ကြားခဲ့သော လက်ကျန်အမှုများ၊ NCM မထူထောင်မီကြားကာလယန္တရား (၂၀၁၉ ခုနှစ်) တွင် လက်ခံရရှိသော လက်ကျန်အမှုများနှင့် ၂၀၂၀ ပြည့်နှစ် NCM ထူထောင်ပြီး လက်ခံရရှိသည့်အမှုများ ကို ဖြေရှင်းပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် အမှုများအမြန်ဆုံးဖြေရှင်းပိတ်သိမ်းနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားကော်မတီတွဲဖက်ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်က အဓမ္မခိုင်းစေမှုပပျောက်ရေး အကောင်အထည်ဖော်ဆောင်နေမှု အခြေအနေများကိုလည်းကောင်း၊ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက NCM မှ လက်ခံရရှိသည့်အမှုများအား ဖြေရှင်းဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှ အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေးအမျိုးသားကော်မတီ (National Complaints Mechanism– NCM) သည် အဓမ္မခိုင်းစေမှုရှိပါက ပြည်သူများအနေဖြင့် အလွယ်တကူတိုင်ကြားနိုင်ရန်နှင့် တိုင်ကြားမှု များကို ထိရောက်စွာအရေးယူ ဖြေရှင်းနိုင်ရန်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများဆုံးရှုံးမှု မရှိစေရေး အကာအကွယ်ပေးရန်၊ လုပ်အားနှင့်ညီမျှသည့် လုပ်ခလစာရရှိပြီး ဆင်းရဲနွမ်းပါးမှုလျော့ကျကာ လူနေမှုအဆင့်အတန်းမြင့်မားစေရန်နှင့် ထိခိုက်နစ်နာမှုများ ကုစားပေးနိုင်ရန်၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၃၀ ခုနှစ်၊ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် (၂၉)အပေါ် လိုက်နာကျင့်သုံးနေသည်ကို ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းသို့ ပြသရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်ကာ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၂၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းထားရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Ministry of Cooperatives and Rural Development / Posted on May 06, 2025
မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on May 03, 2025
မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on May 05, 2025