အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကျင်းပ
အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / February 12, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၁
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ်ကာလသည် ကိုယ်ဝန်ဆောင်စဉ်မှ အသက်ရှစ်နှစ်အရွယ်အထိပါဝင်ပြီး လူသားဖွံ့ဖြိုးမှု၏ အစောပိုင်းကာလများဖြစ်သောကြောင့် ကလေးသူငယ်များအား မှန်ကန်သော ပြုစုပျိုးထောင်မှု စနစ်တကျဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်ကာလမှ ကလေးအသက် နှစ်နှစ်အထိ ရက် ၁၀၀၀ အတွင်း အာဟာရထောက်ပံ့မှုများ၊ မူကြိုပညာရေးနှင့် မိဘအသိပညာပေးအစီအစဉ်များ၊ မူလတန်းကြိုဆရာမများအတွက် စွမ်းရည်မြှင့်သင်တန်းများ၊ ရပ်ရွာအခြေပြု မိခင်ဝိုင်းအစီအစဉ်များကို နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်အကြီးအကဲက “မူကြိုကျောင်း တက်ရောက်မှုမရှိခဲ့ဘဲ KG နှင့် Grade 1 တို့တွင် တက်ရောက်သည့် ကလေးငယ်များအား ပညာသင်ကြားရေးကို အထောက်အကူပြုစေမည့် အသက်အရွယ်နှင့်ကိုက်ညီသည့် သင်ကြားမှုစနစ်ကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် မူလတန်း ဆရာ၊ ဆရာမ များအား ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာသင်တန်းများသင်ကြားပေးခြင်းဖြင့် KG နှင့် Grade 1 တို့တွင် ပညာသင်ကြားလျက်ရှိသည့် ကလေးငယ်များ၏ သင်ကြားသင်ယူမှုများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားထားရှိပါသဖြင့် ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မူလတန်း ဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ နည်းစနစ်များနှင့်အညီ သင်ကြားနိုင်ရေး ဆရာဖြစ်သင်တန်းလေးကြိမ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆင့်ပွားသင်တန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ရှေးဦးအရွယ် ပြုစုပျိုးထောင်မှုရရှိခြင်းဖြင့် အသက်လွန်မှ မူလတန်းကျောင်းဝင်မှု၊ အချိန်မတိုင်မီ ကျောင်းထွက်နှုန်းမြင့်မားမှု စသည့် ပညာရေးစွမ်းဆောင်ရည်လိုအပ်ချက်များကို လျှော့ချပေး နိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင်လည်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနည်းလမ်းများ ရောက်ရှိစေရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခြင်း၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်
Ministry of Information / Posted on February 11, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on February 11, 2026
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Ministry of Information / Posted on February 11, 2026
၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
