အသက်မွေးဝမ်းကျောင်းပညာရပ်များအား လက်တွေ့အသုံးချနိုင်ရေး ရင်းနှီးမြှုပ်နှံမှု ထုတ်ချေးရေးလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
အသက်မွေးဝမ်းကျောင်းပညာရပ်များအား လက်တွေ့အသုံးချနိုင်ရေး ရင်းနှီးမြှုပ်နှံမှု ထုတ်ချေးရေးလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / November 19, 2025
နေပြည်တော် နိုဝင်ဘာ ၁၈
အသက်မွေးဝမ်းကျောင်းပညာရပ်များအား လက်တွေ့အသုံးချနိုင်ရေး ရင်းနှီးမြှုပ်နှံမှု ထုတ် ချေးရေးလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယ ဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ညွှန်ကြားရေးမှူးများက Online စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင် ရရှိရေးအတွက် “အသက်မွေးဝမ်းကျောင်းပညာရပ်များအား လက်တွေ့အသုံးချနိုင်ရေး၊ ရင်းနှီးမြှုပ်နှံ မှုထုတ်ချေးရေး လုပ်ငန်းကော်မတီ”ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ညွှန်ကြားရေးမှူးများက အဖွဲ့ဝင်၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များမှာ အသက်မွေးဝမ်း ကျောင်းသင်တန်းများ တက်ရောက်အောင်မြင်ပြီးသော်လည်း လက်တွေ့လုပ်ငန်းများ လုပ်ဆောင် ရန် ငွေကြေးအရင်းအနှီးလိုအပ်သူများကို သတ်မှတ်ချက်များနှင့်အညီ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးရန်၊ ဦးစီးကော်မတီ၏ မူလရည်ရွယ်ချက် အောင်မြင်စေရေး၊ ရင်းနှီးမတည်ငွေများ ဆုံးရှုံးမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ စစ်မှုထမ်း သင်တန်းဆင်းစာရင်းများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ အဖွဲ့ဝင်ဌာနများ၏ စီမံကိန်း လုပ်ငန်းများရှိသော မြို့နယ်၊ ကျေးရွာများစာရင်းတွင် စစ်မှုထမ်းပြီးသူများ ရှိ/ မရှိ စာရင်းတိုက်ဆိုင် စစ်ဆေးရန်၊ စစ်မှုထမ်းပြီးသူများအနက် သင်တန်းမတက်ရသေးသူများအား သင်တန်းတက်နိုင်ရေး စီစဉ်ပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ချေးငွေ အရင်းအနှီးများ ထုတ်ချေးပေးရာတွင် ထုတ်ချေးသူများ စာရင်းမထပ်စေရေး စိစစ်ဆောင်ရွက်ရန် ချေးငွေများ ထုတ်ချေးရာတွင် သတ်မှတ်ချက်များနှင့်အညီ အကျုံးဝင်မှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း၊
ကော်မတီဝင် ဝန်ကြီးဌာနအလိုက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး တက်ရောက်အောင်မြင်သူများအနက် ငွေကြေးအရင်းအနှီး လိုအပ်သူများ၊ စိုက်ပျိုးမွေးမြူရေး ကိုယ်ပိုင်လုပ်ကိုင်မည့်သူများကို စာရင်းကောက်ယူ၍ မတည် ရင်းနှီးငွေရယူလိုပါက သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရင်းနှီးမတည်ငွေများ ထုတ်ချေး ပေးနိုင်ရေး စနစ်တကျဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ချေးငွေအရင်းအနှီးများ ထုတ်ချေးပေးရာ တွင်လည်း ထုတ်ချေးသူများ စာရင်းထပ်မှုမရှိစေရေးနဲ့ သတ်မှတ်ချက်များနှင့်အညီ အကျုံးဝင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပြီး စီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက်တင်ပြနိုင်ရေး စီစဉ် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က နိုင်ငံတော်အတွက် ပြည်သူ့စစ်မှုထမ်းအဖြစ် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက် သွားမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သမဝါယမကဏ္ဍမှ အရင်းအနှီး ချေးငွေများ ပံ့ပိုးပေးမည့်အစီအစဉ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်းရန်ပုံငွေတို့ဖြင့် အရင်းအနှီးရရှိရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဝင်ငွေတိုးစီမံကိန်း သင်တန်းများ ဖွင့်လှစ်ပို့ချ၍ အောင်မြင်ပြီးသူများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေး လိုအပ်သည့်အရင်းအနှီးနှင့် စက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက လက်ရှိတောင် သူများအတွက် ချေးငွေများပံ့ပိုးပေးထားမှုအခြေအနေ၊ စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်ခဲ့သူများ စာရင်းရရှိပါက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေစည်းကမ်းနှင့် ကိုက်ညီသူများအတွက် သတ်မှတ်အတိုးနှုန်းဖြင့် ဦးစားပေးဆောင်ရွက် ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာများမှ ဖွင့်လှစ်ပေးလျက်ရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေ၊ မျိုးနှင့် သွင်းအားစုရရှိရေးနှင့် ဆောင်ရွက်ပေးနိုင်မည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်၊ ကျေးရွာများ အထိ စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့သူများ စာရင်းမှန်ကန်တိကျမှုရှိရေး ဆောင်ရွက်ပြီး လုပ်ငန်း ကော်မတီသို့ ပြန်လည်တင်ပြမည့်အစီအမံများ၊ နေရပ်သို့ ပြန်လည်ရောက်ရှိပါက ၎င်းတို့၏ဆန္ဒနှင့် အညီ သက်ဆိုင်ရာများသို့ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည့် အစီအမံများအား ရှင်းလင်းဆွေးနွေး ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက လုပ်ငန်းကော်မတီဝင်များအနေဖြင့် အမည်စာရင်းများကို တိကျမှန်ကန်စွာ ပြုစု၍ ချေးငွေမထပ်အောင် စိစစ်ခြင်း၊ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက်တင်ပြနိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
ဂျပန်နိုင်ငံ၊ကိုးရီးယားသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa on Arrival (Tourist) ကို (၂၁-၁၀-၂၀၂၅)ရက်မှ(၂၀-၁၀-၂၀၂၆)ရက်အထိ စမ်းသပ်ကာလ(၁)နှစ် ပထမအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ခွင့်ပြုကြောင်းအသိပေးကြေငြာခြင်း
Ministry of Hotel & Tourism / Posted on November 19, 2025
မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
Ministry of Transport and Communications / Posted on November 18, 2025
မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on November 12, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
