အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်ခြင်း
အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်ခြင်း
Ministry of Social Welfare, Relief & Resettlement/ နေပြည်တော် / January 28, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း (၁/၂၀၂၆) အား ၂၇-၁-၂၀၂၆ ရက်တွင် နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး (Community Center) ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ ကလေးများသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ လူသားအရင်းအမြစ်များဖြစ်တာကြောင့် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနည်းလမ်းများကို ပြည်သူလူထုက လက်လှမ်းမီ သိရှိစေရန်လိုကြောင်းနှင့် အဆိုပါနည်းလမ်းများအား ပြည်သူများ သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအားလုံးက ဝိုင်းဝန်ပံ့ပိုးဆောင်ရွက်ပေးရန် လိုကြောင်း၊ ယခုလိုသင်တန်းများမှ အရည်အချင်းသတ်မှတ်ချက်များနှင့် ညီညွတ်ပြီး မိဘ၊ ပတ်ဝန်းကျင်ကို အသိပညာပေးနိုင်သူ၊ စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်သူ၊ ထို့အပြင် စံပြထိုက်သော မူကြိုဆရာမများ၊ ကလေးပြုစုစောင့်ရှောက်သူများ ဖြစ်စေရေးနှင့် ကလေးများဘက်စုံဖွံ့ဖြိုးဖို့အတွက် သင်ယူရာနေရာကောင်းများ ဖန်တီးပေးနိုင်သော ဆရာမများ ဖြစ်စေရေးကို အားထုတ်ကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းအခမ်းအနားသို့ နေပြည်တော်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌနှင့် သင်တန်းသား (၃၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။

Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
Ministry of Information / Posted on January 30, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ