အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / January 30, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၉

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၆) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်တွင်းအခွန်များဦးစီးဌာနရုံးအမှတ် (၄၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဌာနအဖွဲ့အစည်းများမှ အဖွဲ့ဝင်များတက်ရောက်ကြသည်။

ဦးစွာ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေကျပ် ဘီလီယံ ၁၇၀ ကို ထူထောင်ထားပြီး MSME လုပ်ငန်းကော်မတီ ၏ဆုံးဖြတ်ချက်အရ ငွေကျပ် ဘီလီယံ ၂၀ ကို MSME ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ အထောက်အပံ့အဖြစ်လည်းကောင်း၊ ကျန်ငွေကျပ်ဘီလီယံ ၁၅၀ ကို ချေးငွေထုတ်ချေးနိုင်ရေးအတွက်လည်းကောင်း သုံးစွဲလျက်ရှိပါ ကြောင်း၊ MSME လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးရာတွင် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆိုင်ရာဘဏ္ဍာရေးစည်းမျဉ်း၊ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ အတိုးနှုန်း သက် သာသောချေးငွေများကို စိစစ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ဇန်နဝါရီ ၂၃ ရက်အထိ MSME လုပ်ငန်းရှင် ၁၉၀ သို့ ချေးငွေပမာဏ ငွေကျပ်သန်းပေါင်း ၇၁၅၅ ကို ထုတ်ချေးခဲ့ပြီး ဖြစ် ကြောင်း။

ထို့ပြင် MSME လုပ်ငန်းရှင်များချေးငွေရယူရာတွင်ပိုမိုအဆင်ပြေစေရန် ချေးငွေထုတ်ချေးခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းအပေါ် ပြင်ဆင်ဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးချေးငွေမှ ပိုမို မြန်ဆန်စွာနှင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ချေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အပြင် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်က PFI ဘဏ်များအဖြစ် ပါဝင်ဆောင်ရွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ PFI ဘဏ်များအနေဖြင့် MSME ချေးငွေ ပိုမိုမြန်ဆန်စွာထုတ်ချေးနိုင်ရေးဆောင်ရွက်ရန်နှင့် ချေးငွေများ ထိရောက်စွာအသုံးပြုမှု ရှိ၊ မရှိကိုလည်း စိစစ်ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသွင်အောင်က စိုက်ပျိုးရေးနှင့်မွေးမြူ ရေးလုပ်ငန်းများကိုအခြေခံ သော MSME ထုတ်လုပ်မှုလုပ်ငန်း များကို အားပေးမြှင့်တင်သွားကြရမည်ဖြစ်ပြီး ကြုံတွေ့နေရသောငွေကြေးအရင်းအနှီးလိုအပ်ချက်အပါအဝင် အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အေဂျင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိရာ အေဂျင်စီသည် MSME ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ပြီး MSME များအတွက်နည်းပညာနှင့် သတင်းအချက်အလက်များကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များငွေကြေးအထောက်အပံ့နှင့် ဘဏ်ချေးငွေရရှိနိုင်ရေးအတွက် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးပြီးစီးမှုနှင့် လက်ကျန်အခြေအနေ၊ ချေးငွေစိစစ်ခွင့်ပြုမှုများအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ဆက်လက်၍ ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ MSME များလိုအပ်သော ငွေကြေးအရင်းအနှီးများကို MSME အေဂျင်စီနှင့် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ မြန်ဆန်မှန်ကန်စွာ စိစစ်ထုတ်ချေးနိုင်ရေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Ministry of Information / Posted on January 30, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ

Ministry of Information / Posted on January 30, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ

Ministry of Information / Posted on January 30, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023