အိမ်အမိုးအုတ်ကြွပ်ထုတ်လုပ်သည့်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းစက်မှုလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်


Ministry of Information/ Naypyitaw / January 25, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား နည်းပညာထောက်ပံ့ပေးနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ စက်မှုဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်များ သွားရောက်ဆောင်ရွက်ခဲ့သည့် ခရီးစဉ်များတွင် ဝါးအခြေခံထုတ်လုပ်သည့်လုပ်ငန်းများ၊ မြေထည်အခြေခံအိုး၊ အိမ်အမိုးအုတ်ကြွပ်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဝါးမှချည်မျှင်ထုတ်လုပ် သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရန် လမ်းညွှန်မှုပြုခဲ့ကြောင်း၊ ထို့ကြောင့် ဝါးမှချည်မျှင်ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အသုံးချသုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လက်မှုလုပ်ငန်းဖြစ်သည့် အိုး၊ အိမ်အမိုးအုတ်ကြွပ်များ ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး အမြောက်အမြား ထုတ်လုပ်နိုင်ရေးအတွက် ဝန်ကြီးဌာနရှိ နည်းပညာများကို မျှဝေပေးရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီး ဌာနအနေဖြင့် အုတ်၊ ကွန်ကရိအခြေခံအမိုးပြားများ၊ ကြွေထည်၊ မြေထည်များဖြစ်သည့် ကြွေပြား၊ ပန်းကန်များ၊ ရေအိမ်သုံးပစ္စည်းများကို ထုတ်လုပ်လျက်ရှိသဖြင့် ထုတ်လုပ်သည့်နည်းပညာများ ရှိပြီးဖြစ်ကြောင်း။

သို့သော် အကြီးစားစက်မှုလုပ်ငန်းဖြစ်သဖြင့် တနိုင်တပိုင်အသေးစားစက်မှုလုပ်ငန်းရှင်များ အသုံးပြုနိုင်ရေးအတွက် နည်းပညာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရှိပြီးနည်းပညာများ တိမ်ကောပျောက်ပျက် မှုမရှိစေရေးအတွက် စက်ရုံအလိုက် သင်တန်းများဖွင့်လှစ်ခြင်း၊ လက်ဆင့်ကမ်းလေ့ကျင့်သင်ကြားပေး ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျိုင်းတုံဒေသရှိ အိမ်အမိုးအုတ်ကြွပ် ထုတ်လုပ်သည့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ပံ့ပိုးဆောင်ရွက် ပေးမည့်အစီအမံများကိုလည်း လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေထည်လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်းလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အိမ်အမိုးအုတ်ကြွပ်ထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းစက်မှုလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက အိမ်အမိုးအုတ်ကြွပ်များအား အရည်အသွေးကောင်း မွန်ပြီးထုတ်လုပ်မှုစရိတ်သက်သာစွာဖြင့် ဈေးကွက်ဝင်ပစ္စည်းများဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မည့် အိမ်အမိုးအုတ်ကြွပ်များသည် ဒေသမှအသုံးပြုသည့် နည်းလမ်းများနှင့် ကိုက်ညီမှုရှိ အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သုံးစွဲသူများ စရိတ်သက်သာစွာဖြင့် အိမ်အမိုးများ ပြုလုပ်နိုင်သည့် နည်းလမ်းများကိုလည်း ရှာဖွေဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ လက်မှုလုပ်ငန်းနှင့် စက်မှုလုပ်ငန်းပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနရှိ အိမ်အမိုးပြားများ ထုတ်လုပ်လျက်ရှိသည့် စက်ရုံများသို့လည်း သွားရောက်လေ့လာ၍ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ကြွေရည်တင်အမိုးပြား ထုတ်လုပ်မှုနည်းပညာဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အိမ်အမိုးအုတ်ကြွပ်များ ထုတ်လုပ်သည့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

Ministry of Information / Posted on March 04, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on March 03, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Ministry of Electric Power / Posted on March 03, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Video