အောင်လံမြို့နယ်၊ တန်ဖိုးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2024
image_latest


အောင်လံ အောက်တိုဘာလ ၂၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းတောက်ကုန်းကျေးရွာအုပ်စု၊ တန်ဖိုးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို အောက်တိုဘာလ ၂၆ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးမွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့်အခြား မိသားစုဝင်ငွေတိုး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီအောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများလိုက်နာရမည့်တာဝန်များ၊ ရပိုင်ခွင့်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက တန်ဖိုးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၉ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၁ ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၁ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၅ ဦးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်သူ ၁ ဦး စုစုပေါင်း အသင်းသား/ အသင်းသူ ၁၅၈ ဦးကို  မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်မတည်ရန်ပုံငွေကျပ် ၄၂၇သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

သတင်းစာများ

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on October 24, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 22, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023