ဥပဒေစည်းကမ်းများကိုလိုက်နာ စက်သုံးဆီအဆင်ပြေရေးဆောင်ရွက်
ဥပဒေစည်းကမ်းများကိုလိုက်နာ စက်သုံးဆီအဆင်ပြေရေးဆောင်ရွက်
Ministry of Information/ Naypyitaw / April 05, 2026
နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ဒစ်ဂျစ်တယ်နည်းပညာအခြေပြု ဖြန့်ဖြူးရောင်းချသည့်စနစ်ကို မတ်လ ၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့တွင် ယာဉ်တစ်စီးချင်းစီအတွက် စက်သုံးဆီပမာဏကို သတ်မှတ်၍ ရောင်းချပေးသည့်စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ပိုမိုကောင်းမွန်သော အကျိုးရလဒ်များရရှိခဲ့သလို အခက်အခဲအကျပ်အတည်းများနှင့် မသမာမှုများလည်းရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
စက်သုံးဆီအဆင်ပြေစွာဆောင်ရွက်နိုင်ရေး တည်ဆောက်ထားသည့်စနစ်ကို လက်တွေ့အသုံးပြုရာတွင် တွေ့ကြုံရသည့် နည်းပညာဆိုင်ရာအခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် မသမာမှုများကို ဟန့်တားနိုင်ရန်အတွက် အွန်လိုင်းမှစောင့်ကြည့်သတိပေးခြင်း၊ ထိန်းချုပ်ခြင်း၊ ပြည်သူများ၏ တုံ့ပြန်မှုများကို နားထောင်၍ နည်းပညာအဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် အဆင်ပြေချောမွေ့စွာ စီမံဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်သုံးဆီကို ဝယ်ယူအသုံးပြုနေကြသည့် ပြည်သူများအနေဖြင့်လည်း သတ်မှတ်ထားသော ဥပဒေ၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုအပ်သည်။
တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂၉၄၃ ဆိုင်ရှိသည့်အနက် အရောင်းဆိုင်ပေါင်း ၈၇၉ ဆိုင်တွင် Bar Code/ QR Code များကို Scan ဖတ်၍ ရောင်းချပေးသည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ ယခုသီတင်းပတ်မှစတင်၍ ပုသိမ်မြို့နှင့် ရန်ကုန်-ပြည်-မကွေးလမ်းမကြီး တစ်လျှောက်၌ စတင်အသုံးပြုနိုင်အောင် ဆောင်ရွက်နေပြီဖြစ်သည်။ ယခုအခါ ယာဉ်တစ်စီးချင်းစီအတွက် စက်စွမ်းအားအပေါ်မူတည်၍ စက်သုံးဆီပမာဏသတ်မှတ်ကာ ရောင်းချပေးနေရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍအတွက် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အငှား ယာဉ်များ၊ သုံးဘီးယာဉ်များ၊ ကုန်တင်ယာဉ်များအတွက် စက်သုံးဆီပမာဏ တိုးမြှင့်သတ်မှတ်ပေးပြီး တစ်ပတ်လျှင် သုံးရက်ဆီဖြည့်တင်းနိုင်ရန် ခွင့်ပြုပေးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီအဆင်ပြေချောမွေ့စေရေး ဆောင်ရွက်လျက်ရှိနေချိန်တွင် အခွင့်အရေးယူလိုသူများက မသမာမှုများပြုလုပ်နေကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ပြည်သူများ ထိခိုက်နစ်နာစေမှု၊ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်မူတည်၍ စက်သုံးဆီရောင်းချပေးသည့်စနစ်ကို ဧပြီလ ၃ ရက်နေ့မှ စ၍ စတင်ဆောင်ရွက်နေပြီဖြစ်ရာ အများပြည်သူအကျိုးပြုယာဉ်များအနေဖြင့် အခက်အခဲများ လျော့နည်းသက်သာသွားပြီဖြစ်သည်။ တစ်ချိန်တည်းတွင် လူတစ်ဦးချင်းစီ၏ အားနည်းချက်များ၊ မသမာမှုများကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူများ၏ ကောင်းမွန်သောအကြံဉာဏ်များ၊ သတင်းပေးတိုင်ကြားမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူများ၏ မေးမြန်းခြင်း၊ သတင်းပေးပို့ တိုင်ကြားလာခြင်းများအပေါ် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၃ ရက်က ရန်ကုန်-မန္တလေးအမြန်လမ်း ၁၃၈ မိုင်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်သည် စက်သုံးဆီကို ကန့်သတ်ရောင်းချခြင်း၊ စက်သုံးဆီအမျိုးအစားအချို့ကို သတ်မှတ်ချက်နှင့်အညီရောင်းချခြင်းမရှိသောကြောင့် နောက်ဆုံးအကြိမ်သတိပေးပြီး ထပ်မံတွေ့ရှိရပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယနေ့အထိ တိုင်ကြားလာမှုများအရ အရောင်းဆိုင်ယာယီပိတ်သိမ်းခြင်းနှင့် တာဝန်ရှိသူများအား အရေးယူခြင်းတို့ကို မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ စက်သုံးဆီ အရောင်းဆိုင် ၁၈ ဆိုင်ကို အရေးယူထားပြီးဖြစ်သည်။
စက်သုံးဆီနှင့်ပတ်သက်၍ တရားမဝင်ရောင်းချမှုများကို ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်(၂၉)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် စက်သုံးဆီဂါလန် ၅၀ ခန့်ကို သိုလှောင်ထားရှိခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းနံဘေး၌ ယာဉ်တစ်စီးအတွင်းမှ စက်သုံးဆီ တရားမဝင်ထုတ်ယူရောင်းချမှုတွေ့ရှိရသဖြင့် ၎င်းတို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ နိုင်ငံတော်က ပြည်သူများအဆင်ပြေစေရေးအတွက် စက်သုံးဆီရောင်းချပေးနေမှုအပေါ် အခွင့်အရေးယူပြီး အလားတူမသမာမှုများကို အရေးယူဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများကလည်း သတင်းပေးတိုင်ကြားကြရန် လိုအပ်မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် အခြားတိုင်ကြားလိုမှုများရှိပါက စွမ်းအင်ဝန်ကြီးဌာနသို့ ဆက်သွယ်အသိပေးတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလာမှုများအပေါ် မှန်ကန်ကြောင်း စိစစ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on April 03, 2026
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Ministry of Electric Power / Posted on March 24, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
