ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ
ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ
Ministry of Information/ Naypyitaw / April 13, 2026
နေပြည်တော် ဧပြီ ၁၂
ဥပဒေရေးရာဝန်ကြီးဌာန နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ၏ ၂၀၂၆ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးရုံးရှေ့၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကိုမဏ္ဍိုင်ပြု၍ သင်္ကြန်ရေပက်ဖျန်းခြင်း အလေ့အထနှင့် နှစ်ဟောင်းမှအညစ်အကြေးများကို ရေစင်ရေသန့်တို့နှင့်ပက်ဖျန်းခြင်းဖြင့် စိတ်ကြည်လင်လန်းဆန်းအေးမြစေရန်ဖြစ်ကြောင်း၊ နှစ်သစ်တွင် ပျော်ရွှင်ကျန်းမာကြပါစေ ကြောင်း၊ စိတ်သစ်ကိုယ်သစ်ဖြင့် နိုင်ငံ့တာဝန်၊ မိသားစုတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း၊ ကမ္ဘာသူကမ္ဘာသားအားလုံးနှင့် မြန်မာနိုင်ငံသားအားလုံးလည်း ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပြီး ချမ်းသာသုခနှင့်ပြည့်စုံကြပါစေကြောင်း နှစ်သစ်ဦးမင်္ဂလာစကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဝန်ကြီးရုံး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များကလည်း နှစ်သစ်အတွက် ဆုတောင်းစကား ပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်အဖွဲ့သည် ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများကို စတုဒိသာကျွေးမွေးနေမှုများ၊ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများ၊ ၁၀ ဦး ယိမ်းအဖွဲ့၊ ၁၆ ဦး ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးရုံး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး အခမ်းအနားကို ညနေပိုင်းတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
Union Civil Service Board / Posted on May 29, 2026
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
Union Civil Service Board / Posted on May 29, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
Ministry of Information / Posted on May 29, 2026
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်