ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံအားပေး
Ayeyarwaddy Region Government/ ပုသိမ် / June 26, 2025
ပုသိမ် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာနှင့်ဆီ ချီးမြှင့်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာနှင့်ဆီများထောက်ပံ့ပေးအပ်ခြင်းနှင့် တွေ့ဆုံအားပေးခြင်းလည်းဖြစ်ပါကြာင်း၊ နေရပ်စွန့်ခွာပြည်များသည် တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးပြင်ပမှ လာရောက်ကြသည့် ပြည်သူများလည်းရှိပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများ၏ သားငယ်၊ သမီးငယ်များနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်းနှင့် ကလေးငယ်များ၏ ပညာရေးကိုလည်း အလေးထားရန်လိုအပ်ပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ယာယီနေရပ်စွန့်ခွာပြည်သူများ၏ စာရင်များအားသေချာစွာကောက်ယူ၍ ထောက်ပံ့မှုများမကျန်ရှိစေရေး ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် အခက်အခဲများရှိပါကလည်း တင်ပြကြရန်လိုပါကြောင်း” အားပေးစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့်ဆီများချီးမြှင့်ပေးအပ်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား လူဦးရေစာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင်ပြုလုပ်သည့် နေရပ်စွန့်ခွာဒေသများမှ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လေးမျက်နှာမြို့ပေါ်၌ လာရောက်ပညာသင်ကြားနေသည့် နေရပ်စွန့်ခွာဒေသများမှ ကျောင်းသား၊ ကျောင်းသူအား ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အားပေးစကားများတွေ့ဆုံပြောကြားခြင်းဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာဒေသများမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းအပ်ကျောင်းတက်ရန် ကျန်ရှိသူများလည်းရှိနေမည်ဖြစ်ရာ အချိန်မီကျောင်းအပ်နှံတက်ရောက်စေရေးဆောင်ရွက်ရန်လိုပါကြောင်း၊ အုပ်ချုပ် ရေးအဖွဲ့များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်း၍ စာရင်းကောက်ယူရန်လိုအပ်မည်ဖြစ်ပါကြောင်းနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွင်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကိုသာကြိုးစားသင်ယူကြရန်လိုပါကြောင်းနှင့် အခက်အခဲများရှိပါကလည်း တင်ပြကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ သူငယ်ချင်းများရှိပါကလည်း ထပ်ဆင့်အသိပေးရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများသည် အမှားနှင့်အမှန်၊ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်ကိုပညာဖြင့်သာ ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ပါကြောင်းနှင့် မလျှော့သောဇွဲလုံ့ဖြင့်သာ ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်း” အား ပေးစကားပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ နေရပ်စွန့်ခွာဒေသများမှ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ရေဝင်ရောက်လေ့ရှိသည့် ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ သို့တင်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် လေဘေး၊ ရေဘေး၊ ကမ်းပြိုဘေးများနှစ်စဉ်ကြုံတွေ့လေ့ရှိပါကြောင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေ ဝင်ရောက် လေ့ရှိသည့်ဒေသများရှိ တိရစ္ဆာန်အစာများရှားပါးမှုများကြုံ တွေ့ရသဖြင့် တိရစ္ဆာန်အစာများဖြည့်ဆည်းပေးနိုင်ရေးတိုင်းဒေသကြီးနှင့်ပြည်ထောင်စုဘဏ္ဍာရန်ပုံ ငွေများ လျာထားဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမအကြိမ်အနေဖြင့် ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်များရှိ မြို့နယ်များရှိ မွေးမြူရေးတောင်သူများအတွက် တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်းနှင့် အကျိုးရှိစွာ သုံးစွဲကြစေလိုကြောင်း” ပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ရေဝင်ရောက်လေ့ရှိသည့် ကျေးရွာများမှ တောင်သူများထံသို့ တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။
Announcement
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း ခေါ်ယူခြင်း
Ministry of Defense / Posted on June 26, 2025
အများပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on June 25, 2025
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့်...
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Naypyitaw Development Committee / Posted on June 25, 2025
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း