ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့တက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / July 04, 2025


ပုသိမ် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က "မြန်မာအမျိုး သမီးများနေ့" ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ယနေ့ ဇူလိုင်လ(၃)ရက်နေ့သည် မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက်သောနေ့တစ်နေ့ဖြစ်ပြီး ထူးချွန်သည့်အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်သည့်နေ့ဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော် မှီတင်းနေထိုင်သည့် ပြည်ထောင်စုဖြစ်သည်နှင့်အညီ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကား၊ ဝတ်စားတင်ယင်ထုံးဖွဲ့မှု၊ သမိုင်းကြောင်း၊ ပထဝီဝင်အနေအထား အမျိုးမျိုးနှင့်တည်ရှိနေပြီး နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ကြပါကြောင်း၊ ထို့ကြောင့် မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သည့် စွမ်းဆောင်ရည်များ၊ လေးစားဂုဏ်ယူဖွယ်ဂုဏ်ဒြပ်များနှင့် အရေးပါသည့်အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြု အလေးထားဂုဏ်ပြုသည့်အနေဖြင့် ယခုကဲ့သို့“မြန်မာအမျိုးသမီးများနေ့”အခမ်းအနားများကို နှစ်စဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီတစ်ရပ်ကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဖွဲ့စည်းခဲ့ပြီး ၎င်းနေ့ကို လေးစားဂုဏ်ယူဖွယ်ရာစွမ်းဆောင်ရည်ရှိသည့် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသော အားဖြင့် မြန်မာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခဲ့ ခြင်းဖြစ်ပါကြောင်း၊ မြန်မာအမျိုးသမီးများအနေဖြင့် အခြေခံအကျဆုံးဖြစ်သည့် မိသားစုတာဝန် မှသည်ကဏ္ဍစုံ၊ နယ်ပယ်စုံများတွင် အမျိုးသမီးများ၏အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားလာနေတာကိုတွေ့မြင်နေရပြီး နိုင်ငံတော်၏ ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များတွင်ပါ စစ်မှုထမ်း၊ ရဲမှုထမ်းများအဖြစ် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ထူးချွန်ထက်မြက်စွာ နိုင်ငံ့အကျိုးကို သယ်ပိုးလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ကျား၊ မ တန်းတူညီမျှမှုရှိရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများ ပိုမိုမြှင့်တင်ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသမီးထုကြီးနှင့် အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း”တိုက်တွန်းအမှာစကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မြန်မာအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ Video Clip ပြသမှုနှင့် "ဣတ္ထိယပန်းခင်း" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုများကိုကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်ပယ်အသီးသီးတွင် ထူးချွန်စွာစွမ်းဆောင် နိုင်ခဲ့သည့်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ စွမ်းဆောင်မှုအကောင်းဆုံး(ပထမဆု)ရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ နိုင်ငံတော်မှပေးအပ်သော သုဓမ္မသိင်္ဂီဘွဲ့ရရှိသူ၊ ပညာရေးဝန်ကြီးဌာန၊ (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံ သုတေသနညီလာခံ ပထဝီဝင်ဘာသာရပ်(ဒုတိယဆု)၊ ၂၀၂၄ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် ရရှိသူနှင့် ၂၀၂၅-၂၀၂၆ တိုင်းဒေသကြီးနှင့်ပြည်နယ်လှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၃)ဆုရရှိသည့် အမျိုးသမီး များကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ နိုင်ငံတော်မှကျင်းပသည့် ဓမ္မာစရိယ အကြီးတန်း ဖြေဆိုအောင်မြင်သူ၊ ပညာရေးဝန်ကြီးဌာန၊ (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေ သနညီလာခံ ရူပဗေဒဘာသာရပ်(ဒုတိယဆု)၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ(ဘွဲ့လွန်)ပထမဆု၊ ၂၀၂၄ခုနှစ်၊ (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူနှင့် ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော် အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသည့် အမျိုးသမီးများကို တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက လည်းကောင်း၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ(ဘွဲ့ကြို) (ပထမဆု)၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ (ပထမဆု)၊ ၂၀၂၄ခုနှစ်၊ (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပတ္တလား ရွှေတံဆိပ်ဆု၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲ (ပထမဆု)၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသမီး သုံးယောက်တွဲ ရွှေတံဆိပ်ဆုရရှိသူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်ပယ်အသီးသီးတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည့် အမျိုးသမီးများအား တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူအသီးသီးတို့ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တေးသံရှင်များ၊ ပုသိမ်တက္ကသိုလ်မှကျောင်းသူလေးများနှင့် မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသူလေးများ၏ တေးသီချင်များဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့ထံသို့ လှူဒါန်းသည့် အလှူငွေများကို တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးကပေးအပ်လှူဒါန်းခဲ့ပြီးနောက် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ပါဝင်သီဆိုခဲ့သည့် တေးသံရှင်များ၊ ကပြဖျော်ဖြေခဲ့ကြသည့် ပုသိမ်တက္ကသိုလ်မှကျောင်းသူလေး များနှင့် မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးက ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၏ လက်မှုထုတ်ကုန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အမည်မည်းစာရင်းကြေညာခြင်း

Ministry of Information / Posted on July 04, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Ministry of Information / Posted on July 04, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Union Civil Service Board / Posted on July 03, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023