ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / December 08, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုး သမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့နယ်၊ မှင်တောကျေးရွာအနီး ပန်းတနော်-ဝါးခယ်မကားလမ်း မိုင်တိုင်အမှတ် ၆ မိုင် ၇ ဖာလုံနှင့် ၇ မိုင်ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ခနွဲကဘိုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးကျေးရွာနေ သူများဖြစ်သည့် စိုးဌေး(၄၀)နှစ် မောင်းနှင်ပြီး ဒေါ်နော်အယ်ထူး(၄၃)နှစ်နှင့် မအိသက်ထွေး(၆)နှစ်တို့ လိုက်ပါလာသည့် AYY/7P-XXXX MAZDA SCRUM DG63T အဖြူရောင်မော်တော်ယာဉ်သည် ပန်းတနော်မှ ဝါးခယ်မဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ ပန်းတနော် မြို့နယ်၊ ပေပင်တောင်ရွာမကျေးရွာနေသူများဖြစ်သည့် ဦးစအောင်ကျော်မိုး(၄၃)နှစ် မောင်းနှင်ပြီး မအိရွှေစင်(၂၅)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးစအောင်ကျော်မိုးနှင့် မအိရွှေစင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ကြောင်း၊ ဒေါ်နော်အယ်ထူးနှင့် မအိသက်ထွေးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် စိုးဌေးနှင့် စအောင်ကျော်မိုးတို့ နှစ်ဦးအား ခနွဲကဘိုနယ်မြေရဲစခန်း ယာဉ်(ပ) ၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 06, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 06, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 06, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023