ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင်ပြုလုပ်သည့် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင်ပြုလုပ်သည့် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားသို့တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / December 11, 2025
ပုသိမ် ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမတွင်ပြုလုပ်သည့် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍအတွက် လိုအပ်သော အလယ်အလတ်အဆင့် ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် မင်္ဂလာရှိသည့်နေ့ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် နိုင်ငံတော်အတွက် အားထားရသည့် စိုက်ပျိုးရေးမွေးမြူရေးတိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဆန်ဖူလုံမှုရှိပြီး တိုင်းပြင်ပနှင့် ပြည်ပသို့တင်ပို့လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး ဒီပလိုမာ အောင်လက်မှတ်ရရှိပြီး လုပ်ငန်းခွင်အသီးသီးသို့ဝင်ရောက်ကြမည့် မောင်တို့မယ်တို့အား များစွာဂုဏ်ယူပါကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်အကျိုးမည့်သူများလည်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းခံရသည့် မောင်/မယ်များ အနေဖြင့်မိမိတို့ သင်ကြား တတ်မြောက်ထားသည့် ခေတ်မီသော စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာရပ်များကို ကျေးလက်တောရွာမှစပြီး မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးအထိ ပြန်လည်ဆင့်ပွါး ပညာပေးပြီး ဒေသအလိုက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍများ၏ ထုတ်ကုန်များနှင့်အတူ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်စေရန်နှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် စေဖို့အတွက် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ မောင်/မယ်တို့၏ ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာ ရပ်များကို စနစ်တကျ စေတနာပါပါ၊ ထိထိရောက်ရောက် အသုံးပြုခြင်းအားဖြင့် နိုင်ငံတော်ရဲ့ လိုအပ်တဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွေ ပိုမိုတိုးတက်လာပြီး လူ့စွမ်းအား အရင်း အမြစ်နှင့် ဒေသဖွံ့ဖြိုးမှုများသည် တစ်ဟုန်ထိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မောင်/မယ်များအနေဖြင့် မိမိတို့ ကြိုးပမ်းအားထုတ်ခဲ့သည့် ငွေကြေးနှင့်အချိန် ရင်းနှီးပြီးရခဲ့သည့် အလယ်အလတ် စိုက်ပျိုးရေး ပညာရပ်များကို မိမိအကျိုး၊ နိုင်ငံ့အကျိုးအတွက် ကောင်းမွန်စွာအသုံးပြုပြီး နိုင်ငံတော်က အားကိုးအားထားရသည့် သားကောင်း/သမီးကောင်း ရတနာလေးများ ဖြစ်ကြပါစေကြောင်း” ပြောကြားပြီး ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အား ဆုများချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Information / Posted on December 12, 2025
၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၁/၁၂-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 12, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၀/၁၁-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 11, 2025
