ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ကလေးငယ် တစ်ဦး ထိခိုက် ဒဏ်ရာရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ကလေးငယ် တစ်ဦး ထိခိုက် ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / January 12, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက် ည ၇ နာရီ ၅၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ်၊ ပုသိမ်-ရန်ကုန်သွားကားလမ်း ရေကျော်ကျေးရွာအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဆားမလောက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုသိမ်မြို့မှ ရန်ကုန်မြို့ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နေ တင်ထွဋ်ဝင်း(၄၅)နှစ် မောင်းနှင်လာသည့် YGN-41/7Q-XXXX TOYOTA SUZUKI ERTIGA အဖြူရောင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် လမ်းဝဲဘက်မှ ယာဘက်သို့ လမ်းဖြတ်ကူးသူ ညောင်တုန်းမြို့နယ်၊ အညာစုကျေးရွာနေ မရတနာမျိုး(၉)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် တင်ထွဋ်ဝင်း အား မဲဇလီနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Announcement
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
Ministry of Information / Posted on January 13, 2026
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on January 12, 2026
ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်...