ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၌ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ အမျိုးသမီး တစ်ဦး သေဆုံး
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၌ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ အမျိုးသမီး တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / January 12, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၌ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီးလမ်းကွေ့၌ အမျိုးသမီး တစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ ထိခိုက်ဒဏ်ရာရရှိနေကြောင်း သတင်းအရ သာပေါင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာနေ ဝေလင်းထက်(၁၉)နှစ်သည် တစ်ရွာတည်းနေ မပန်းအိခိုင်(၂၅)နှစ်အား AYY/53W-XXXX NEW ZHINENG WAVE 110 ဆိုင်ကယ်ဖြင့် တင်ဆောင်၍ သာပေါင်းမြို့မှ လှေကြီးတက်ကျေးရွာဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ မပန်းအိခိုင်မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့သောကြောင့် ဝေလင်းထက် အား သာပေါင်းမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Announcement
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
Ministry of Information / Posted on January 13, 2026
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on January 12, 2026
ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်...