ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါးကန်သင်းဘောင်ပေါ်တွင် ကျင်းစနစ်ဖြင့်စိုက်ပျိုးသော နေကြာရိတ်သိမ်းပွဲနှင့် နွေစပါးနယူးဧရာ(၁၁)ရိတ်သိမ်းပွဲ တက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / March 12, 2026


ပုသိမ် မတ် ၁၁

၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါးကန်သင်းဘောင်ပေါ်တွင် ကျင်းစနစ်ဖြင့်စိုက်ပျိုးသော ဆန်ဖိုလာမျိုး နေကြာရိတ်သိမ်းပွဲနှင့် ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါးနယူးဧရာ(၁၁)ရိတ်သိမ်းပွဲကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ တောင်သူ ဦးတင်အောင်သန်း ၏ လယ်မြေတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံ၍“ တောင်သူလယ်သမားနေ့တွင် တိုင်းဒေသကြီးဆီဖူလုံရေးအတွက် “ ဧရာဝတီတစ်ဝှမ်း နေကြာလွှမ်းရမည်” ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါကြောင်းနှင့် ရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရောက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း(၄)သွယ်ကို အခြေခံ ဆောင်ရွက်လျက်ရှိပြီး ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲပုပ်များအား ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို နှစ်အလိုက် ပိုမို တိုးချဲ့ စိုက်ပျိုးသွားရမည်ဖြစ်ရာ နွေစပါး ကန်သင်းဘောင် ပေါ်တွင် ကျင်းစနစ်ဖြင့် စိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရိတ်သိမ်းနိုင်တော့မည် ဖြစ်ပါကြောင်း၊ ဧရာဝတီတစ်ဝှမ်း နေကြာလွှမ်းစေဖို့ နေကြာဖြစ်ထွန်းအောင်မြင်သည့် နေရာများတွင် အထွက်ကောင်းမျိုးများကို အသုံးပြု၍တိုးချဲ့စိုက်ပျိုးကြရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း” ဆွေးနွေးပြောကြားသည်။

ထို့နောက် တောင်သူဦးတင်အောင်သန်းက နွေစပါးကန်သင်းဘောင်ပေါ်တွင် ကျင်းစနစ်ဖြင့်နေကြာစိုက်ပျိုးမှု၊ လယ်ကွက်အတွင်း ကျင်းစနစ်ဖြင့်နေကြာ အပင်ဖြစ်ထွန်းမှု၊ လယ်ကွက်အတွင်းထွန်ယက်၍ အတန်းလိုက် နေကြာစိုက်ပျိုးမှုများနှင့် အောင်မြင်ဖြစ်ထွန်းမှု၊ အထွက်နှုန်းကောင်းမွန်မှုများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နွေစပါးကန်သင်းဘောင်ပေါ်တွင် ကျင်းစနစ်ဖြင့်စိုက်ပျိုးသော ဆန်ဖိုလာမျိုး နေကြာ ရိတ်သိမ်း နေမှုများ၊ နွေစပါးနယူးဧရာ(၁၁)စပါးမျိုး တစ်ဧကစံကွက် ရိတ်သိမ်းနေမှုများ၊ ဒုတိယသီးနှံ နွေစပါးရိတ်သိမ်းပြီးနောက် လာမည့် မိုးစပါးရာသီတွင်ပေါ်ဆန်းစပါးစိုက်ပျိုးရန် သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းမြှုပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေး အဖွဲ့များအား ချီးမြှင့်ငွေများနှင့် တောင်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ အဆိုပါတောင်သူ၏ နွေစပါးကန်သင်း ဘောင်ပေါ်တွင် ကျင်းစနစ်ဖြင့် စိုက်ပျိုးထားသည့် နေကြာကျင်း (၁)ထောင် မှ နေကြာပွင့်များကို ရိတ်သိမ်းခဲ့ရာ အစို (၅) တင်းကျော် ထွက်ရှိခဲ့ပြီး နွေစပါးနယူးဧရာ(၁၁)စပါးမျိုး စံကွက်တစ်ဧကရိတ်သိမ်းရာတွင် စပါးအစို (၂၄၀)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video