ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ ဂတ်(စ်)ဆိုင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / April 11, 2026


    ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ ပိုင်ရှင် ဦးပြည်ကျော်(၅၅)နှစ်၏ ၁၂ x ၄၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် “ရွှေလာဘ်အောင်” ဂတ်(စ်)ဆိုင်တွင် ဂတ်(စ်)အိုးများအား ဂတ်(စ်)ဖြည့်ရန် ပိုက်အား လှည့်ဖြုတ်ရာမှတစ်ဆင့် မီးပွားထွက်၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၁ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် အမျိုးသား တစ်ဦး(သေဆုံး)၊ အမျိုးသား နှစ်ဦး မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၁၂ x ၄၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် ဆိုင်ခန်း နှစ်ခန်း၊  ဂတ်(စ်)အိုး ၂၀ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်မန်နေဂျာဖြစ်သူ စောလားဘလုထူးနှင့် ဆိုင်ဝန်ထမ်းဖြစ်သူ လုဝါး(ခ)လုစေး(သေဆုံး)တို့အား ပုသိမ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
     

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video