ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာ၌ နေအိမ် မီးလောင်မှု

Ministry of Home Affairs/ နေပြည်တော် / April 29, 2026

     ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၈ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာ၌ ပိုင်ရှင် ဒေါ်မြင့်မြင့်ပြုံး(၆၃)နှစ်၏ ၁၈ x ၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တွင် ထင်းမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ပျဉ်အကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောင်းမြခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီး၊ အပေါ့စား မီးသတ်စက် လေးလုံးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် ၂၂ လုံး၊ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း နေအိမ် ၃ လုံး၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း RC နှစ်ထပ် နေအိမ် ၁ လုံး၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက် ဂိုဒေါင် ၂ လုံး၊ စုစုပေါင်း နေအိမ် ၂၆ လုံးနှင့် ဂိုဒေါင် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဒေါ်မြင့်မြင့်ပြုံး အား မြောင်းမြမြို့နယ်၊ ရန်မနိုင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။

Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။

Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on April 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on April 27, 2026

Video