ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအနီး၊ ပုသိမ်-မုံရွာ-ရေဦးကားလမ်း၊ မိုင်တိုင်အမှတ်(၈၂/၅)နှင့် (၈၂/၆) ကြားတွင် ယာဉ်တိုက်မှု


Ministry of Home Affairs/ နေပြည်တော် / May 23, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၂၂ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအနီး၊ ပုသိမ်-မုံရွာ-ရေဦးကားလမ်း၊ မိုင်တိုင်အမှတ်(၈၂/၅)နှင့် (၈၂/၆)ကြားတွင် ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ ယာဉ်မောင်း စောကလေးထူး(၃၄)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် YGN/1G-XXXX ALPHARD အမျိုးအစား(အဖြူရောင်) သစ္စာရှင်လူမှုကူညီရေးအသင်း မော်တော်ယာဉ်သည် လမ်းတစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ယာဉ်မောင်း ဦးအောင်စိုးမိုး(၃၉)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် AYY-25U/XXXX အဖြူရောင် အိုးဝေသုံးဘီးယာဉ်နှင့် ယာဉ်မောင်း ဦးကျော်ရဲထွန်း(၃၃)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် AYY-5/2I-XXXX HYUNDAI အမျိုးအစား(အဖြူရောင်) “နဝရတ်” ခရီးသည်တင်မော်တော်ယာဉ်တို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိကြောင်း သတင်းရရှိသဖြင့် ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်အမှတ် YGN-1G/XXXX သစ္စာရှင်လူမှုကူညီရေးအသင်း မော်တော်ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦးအနက် အမျိုးသား တစ်ဦး(သေဆုံး)၊ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ယာဉ်အမှတ် AYY-25U/XXXX အဖြူရောင် အိုးဝေ သုံးဘီးယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး(သေဆုံး)၊ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ “နဝရတ်” ခရီးသည်တင်မော်တော်ယာဉ်ပေါ်ပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်အပါအဝင် ၃၂ ဦးအနက် ယာဉ်နောက်လိုက် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံနှင့် ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ စောကလေးထူး အား ကျောင်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video