၁။ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Non-profit Organization တစ်ခုဖြစ်သည့် Basel Institute on Governance က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Basel AML Index 2025 အရ မြန်မာနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံ အနက် ဆုံးရှုံးနိုင်ခြေမြင့်မားသောနိုင်ငံစာရင်းတွင် နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။


Ministry of Information/ Naypyitaw / December 12, 2025
image_latest


Basel Institute on Governance ၏ Basel AML Index 2025 အရ မြန်မာနိုင်ငံအား အဆင့်သတ်မှတ်ဖော်ပြချက်အပေါ် ကန့်ကွက်ကြောင်း အသိပေးထုတ်ပြန်ချက်

၁။ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Non-profit Organization တစ်ခုဖြစ်သည့် Basel Institute on Governance က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Basel AML Index 2025 အရ မြန်မာနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံ အနက် ဆုံးရှုံးနိုင်ခြေမြင့်မားသောနိုင်ငံစာရင်းတွင် နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။

၂။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး (Anti-Money Laundering- AML)၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Terrorism - CFT) လူအများအပြား သေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Proliferation of Financing of Weapon of Mass Destruction - CPF) လုပ်ငန်းများကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းမှာ စက်မှုထိပ်သီး ၇ နိုင်ငံအပါအဝင် နိုင်ငံနှင့် အဖွဲ့ အစည်းပေါင်း ၄ဝ တို့မှ ဝန်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(Financial Action Task Force- FATF) ဖြစ်ပါသည်။

၃။ FATF နှင့် FATF ကဲ့သို့ ပုံစံတူဖွဲ့စည်းထားသည့် ဒေသတွင်းအဖွဲ့အစည်းများမှ အဖွဲ့ဝင်နိုင်ငံများသည် FATF မှ ထုတ်ပြန်ထားသည့် Methodology ပါ စံနှုန်းသတ်မှတ်ချက်များအား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါသည်။ လိုက်နာဆောင်ရွက်နေမှုများကို အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ခြင်း (Mutual Evaluation-ME) လုပ်ငန်းစဉ်ဆောင်ရွက်ပြီး FATF ၏ အကြံပြုချက် ၄၀ ပါ စံနှုန်းသတ်မှတ်ချက်ဖြင့် အကဲဖြတ်ခြင်းများဆောင်ရွက်ပါသည်။ မြန်မာနိုင်ငံ၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန် အလှန်အကဲဖြတ်ချက် အစီရင်ခံစာပါ အကြံပြုချက် ၄၀ အနက် ၂၀၂၅ ခုနှစ်အထိ ၂၆ ချက်သည် စံနှုန်းသတ်မှတ်ချက် တိုးမြှင့်ကောင်းမွန်ရရှိခဲ့ပါသည်။ အခြားဒေသတွင်းနိုင်ငံများထက် စံနှုန်းသတ်မှတ်ချက် ပိုမိုတိုးတက်ကောင်းမွန်ခဲ့ပါသည်။

၄။ မြန်မာနိုင်ငံအနေဖြင့် FATF မှထုတ်ပြန်ထားသည့် Methodo- logy ပါ စံနှုန်းသတ်မှတ်ချက်များအား လိုက်နာ၍ AML/ CFT/ CPF ဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် လိုက်နာဆောင်ရွက်လျက်ရှိသော်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျန်ရှိသည့်အစီအမံ (Action Plan) များအား ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားမှုနှင့် အခြားဆက်စပ်အခြေအနေများကြောင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အလေးထားစိစစ်မှုများပြုလုပ်ရန်နှင့် တိုးမြှင့်အရေးယူဆောင်ရွက်မှုမပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့်နိုင်ငံနှင့် ဒေသများ (enhanced due diligence (EDD) - and not countermeasures) စာရင်းသို့ ပြောင်းလဲထည့်သွင်းခြင်းခံခဲ့ရပါသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့ကဲ့သို့ Countermeasure (Black List) စာရင်းတွင် ပါဝင်ခြင်းမဟုတ်ဘဲ EDD ကို ပိုမိုဆောင်ရွက်ရန်သာ စာရင်းတွင်ထည့်သွင်းခံခဲ့ရပါသည်။

၅။ ထို့နောက် မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်ကျန်ရှိသည့်အစီအမံ(Action Plan) များအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group - APJG) သို့ (၄)လတစ်ကြိမ် တိုးတက်မှုအစီရင်ခံစာများ ရေးသားပေးပို့တင်ပြခြင်း၊ မျက်နှာချင်းဆိုင်အစည်းအဝေးများသို့ တက်ရောက်ရှင်းလင်းဆွေးနွေးခြင်းနှင့် FATF မျက်နှာစုံညီ အစည်းအဝေးများ တက်ရောက်ခြင်းတို့အား စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါသည်။

၆။ ယင်းကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် FATF ၏ အကြံပြုချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ (ML/TF Risk) များကိုနားလည်ပြီး ဖော်ထုတ်နိုင်ခဲ့ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်ခြင်း၊ ယုံမှတ်အပ်နှံမှုဥပဒေအားပြင်ဆင်ခြင်း၊ သက်သေခံပစ္စည်းများစီမံရေး၊ ထိန်းသိမ်း ရေးနှင့် စီမံခန့်ခွဲရေးဥပဒေအား အသစ်ပြင်ဆင်ပြဋ္ဌာန်းခြင်းတို့အပါအဝင် သိသာထင်ရှားသောတိုးတက်မှုများ ဆောင်ရွက်ခဲ့ခြင်း ကြောင့် FATF မှအသိအမှတ်ပြု၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ကျင်းပခဲ့သည့် FATF မျက်နှာစုံညီ အစည်းအဝေးအပြီး ထုတ်ပြန်ချက် (Statement) တွင် မြန်မာနိုင်ငံသည် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန် အကြံပြုချက် ယခင် (၈) ချက်ရှိရာမှ (၄) ချက်သာကျန်ရှိခဲ့ပြီး အလေးထားစိစစ်မှုများတိုးမြှင့်ဆောင်ရွက်ရန် (Enhanced Due Diligence)စာရင်း တွင်သာ ဆက်လက်ထားရှိခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိနေသေးသည့် အချက် (၄)ချက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက Timeline များ ချမှတ်ပြီး အထူးအလေးထားဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း၍ အားသွန်ခွန်စိုက် ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါသည်။

၇။ Basel Institute on Governance က ထုတ်ပြန်သည့် Basel AMLIndex 2025 အရ နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံအနက် လာအိုအား အမှတ်စဉ် ၇ တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံအား အမှတ်စဉ် ၁၉ တွင်လည်းကောင်း၊ နီပေါနိုင်ငံအား အမှတ်စဉ် ၄၉ တွင်လည်းကောင်း ဖော်ပြထားသော်လည်း ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် အီရန်နိုင်ငံတို့ ပါဝင်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ ၎င်းအပြင် FATF ကဲ့သို့ခိုင်မာသည့် နိုင်ငံတကာ လိုက်နာဆောင်ရွက်ရန်လိုအပ်သော စံနှုန်းသတ်မှတ်ချက်များနှင့် Methodology များချမှတ်ပြီး အကဲဖြတ်ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

၈။ သို့ပါ၍ Basel Institute on Governance က Basel AML Index 2025 ထုတ်ပြန်ချက်သည် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် ဒေသများအားလုံးပေါ် လွှမ်းခြုံခြင်းမရှိသည့်အပြင် နိုင်ငံနှင့် ဒေသများအားလုံး ပါဝင်ခြင်းမရှိသည်ကိုလည်း တွေ့ရှိရကြောင်းနှင့် FATF, APG တို့ကဲ့သို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကို ရှေ့တန်းမှ စံနှုန်းချမှတ်လေ့လာသုံးသပ်နေသည့် အဖွဲ့အစည်းများ၏ အကဲဖြတ်ချက်များကိုအခြေမခံဘဲ နိုင်ငံရေးနှင့်စီးပွားရေးတည်ငြိမ်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ထုတ်ပြန်ခြင်းသည် မြန်မာနိုင်ငံ၏တိုးတက်ဆောင်ရွက်မှုများကို မျက်ကွယ်ပြု၍ FATF နှင့် မြန်မာနိုင်ငံအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်နေမှုများကို သေချာစွာသုံးသပ်ခြင်းမရှိဘဲ ထိခိုက်အောင်ရေးသားထုတ်ပြန်နေမှုကို ကန့်ကွက်ပါကြောင်း အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်အပ်ပါသည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို

ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့

၁၁-၁၂-၂၀၂၅

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

Ministry of Information / Posted on December 10, 2025

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023