၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ငွေကျပ် ၁၇၆၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ
၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ငွေကျပ် ၁၇၆၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / January 13, 2026
နေပြည်တော် ဇန်နဝါရီ ၁၂
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ တားဆီးနှိမ်နင်းရေးအဖွဲ့များဖြစ်သည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် မူးယစ်ဆေးဝါးသတင်း ရယူဖော်ထုတ်ဖမ်းဆီးရမိရေးစီမံချက် ချမှတ်ပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၃၇၀ မှုမှ တရားခံ ၇၅၆၂ ဦးတို့ကို ငွေကျပ် ၁၇၆၁ ဒသမ ၃၂၄ ဘီလီယံတန်ဖိုးရှိ ဘိန်း ၁ တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၇ သန်းကျော်၊ အိုက်စ် ၃၇ ဒသမ ၈ တန်ကျော်၊ ဘိန်းစာရွက် ၁ ဒသမ ၅ တန်ကျော်၊ HAPPY WATER ၂၀၄ ကီလိုကျော်၊ ကက်တမင်း ၁၅ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများနှင့်အတူ မောင်းပြန်ရိုင်ဖယ်နှစ်လက်၊ ပစ္စတိုသေနတ် အလက် ၄၀၊ လုပ်သေနတ် နှစ်လက်၊ ကျည်မျိုးစုံ ၂၇၆၄ တောင့်၊ လက်ပစ်ဗုံး ငါးလုံးနှင့် ဒီတိုနေတာမျိုးစုံ အချောင်း ၁၈၇၄၀၀ တို့အား ဖမ်းဆီးရမိခဲ့သည်။
အလားတူ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုရန် တရားမဝင်တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်း Caffeine ၂၂ ဒသမ ၇ တန်ကျော်၊ Acetone ၉၆၀ လီတာ၊ Toluene ၅၀၄၀ လီတာကျော်၊ Ammonium Chloride ၅ တန်၊ Sodium Cyanide ၂ တန်ကျော်၊ အခြားဓာတုပစ္စည်းများဖြစ်သည့် Sodium Carbonate ၅ တန်၊ Acetic Acid ၂၅၆၀၀ လီတာကျော်၊ Nitric Acid ၃၈၂၀ လီတာအပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပုံတတ်ကျေးရွာအနီး၌ ဘိန်းချက်စခန်းတစ်ခုကို ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဟဲ (အောက်) ကျေးရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သည့်စခန်းနှစ်ခုကို ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ တာချီလိတ်မြို့နယ် ဝမ်ကောင်းမွန်ကျေးရွာရှိ နေအိမ်မှ ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
ထို့ပြင် ၂၀၂၅-၂၀၂၆ ဘိန်းစိုက်ရာသီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့၌ ဘိန်းစိုက်ခင်းများကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဘိန်းစိုက်ခင်းစုစုပေါင်း ၅၀၈၄ ဒသမ ၅ ဧက (၂၀၅၇ ဒသမ ၆၆ ဟက်တာ) ကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆက်လက်ဖျက်ဆီးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 12, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Naypyitaw Development Committee / Posted on March 11, 2026
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Revenue Appellate Tribunal / Posted on March 11, 2026
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
