၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံရှိ အထင်ကရနေရာများ လှည့်လည်ကြည့်ရှုလေ့လာ
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံရှိ အထင်ကရနေရာများ လှည့်လည်ကြည့်ရှုလေ့လာ
Ministry of Information/ Naypyitaw / October 18, 2025

နေပြည်တော် အောက်တိုဘာ ၁၇
နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပ လေ့လာရေးခရီးစဉ် စေလွှတ်ခဲ့ သော ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အုပ်ချုပ်သူများသည် ယမန်နေ့ နံနက်ပိုင်းက စင်ကာပူနိုင်ငံမှ လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိကြသည်။
မွန်းလွဲပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက ခရီးစဉ်နှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ညပိုင်းတွင် ထူးချွန် ကျောင်းသား ကျောင်းသူများသည် Chao Phraya River Cruise ဖြင့် မြစ်ကြောင်းတစ်လျှောက်ကြည့်ရှု လေ့လာခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ထူးချွန် ကျောင်းသား ကျောင်းသူများသည် ဗန်ကောက်မြို့ Assumption University ၌ တက္ကသိုလ်နှင့် ပတ်သက်သည့် အချက်အလက်များနှင့် ပို့ချလျက်ရှိသည့်သင်တန်း များကို လည်းကောင်း၊ ပတ္တရားမြို့ရှိ Nong Nooch Garden ပန်းခြံအတွင်းရှိ ပြကွက်များနှင့် Mus-eum များကိုလည်းကောင်း၊ ပတ္တရားကမ်းခြေ၏ သဘာ၀အလှများကိုလည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on October 16, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on October 17, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်။
Ministry of Transport and Communications / Posted on October 17, 2025
တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်။