၂၀၂၅- ၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်များကို ရွေးချယ်သွားမည်


Ministry of Education/ Naypyitaw / November 24, 2025


နေပြည်တော် ၂၀၂၅ နိုဝင်ဘာ ၂၄

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဆက်စပ်ဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်အတွက်အားထားရမည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ဗလငါးတန်နှင့် ပြည့်စုံသော လူချွန်လူကောင်းများ မွေးထုတ်လေ့ကျင့်ပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေး စီမံကိန်းကိုစတင်ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ဆက်စပ်ဝန်ကြီးဌာန ကိုးခုရှိ မွေးမြူရေးနှင့် စိုက်ပျိုးရေးတက္ကသိုလ် (မအူပင်)အပါအဝင် တက္ကသိုလ် ၁၅၈ ခုမှ တစ်ကျောင်းလျှင် ပထမနှစ် ကျောင်းသား ကျောင်းသူ တစ်ဦးနှင့် ဒုတိယနှစ် ကျောင်းသား ကျောင်းသူတစ်ဦးစီဖြင့် စုစုပေါင်း ၃၁၅ ဦးကို စိစစ်ရွေးချယ် သွားမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေး ဆိုင်ရာလုပ်ငန်းများနှင့် ဖွင့်လှစ်မည့်လူရည်ချွန်စခန်းများကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် တက်ရောက်လာသူများက အဆင့်မြင့်ပညာအဆင့် လူရည်ချွန်‌ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းအဆင့်ဆင့်နှင့်ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No. (17/ 2025)

Myanmar National Human Rights Commission / Posted on December 10, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023