၂၀၂၆ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းစခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံ လှေလှော်ရွက်တိုက်ပြိုင်ပွဲနှင့် ရေတပ်သားအချက်ပြ ဆက်သွယ်ရေးပြိုင်ပွဲများ ပြုလုပ်၊ ရန်ကုန်မြစ်တွင်းမှ ပင်လယ်ဝနှင့် သန်လျင်တပ်နယ်တို့သို့ လေ့လာရေးသွားရောက်
၂၀၂၆ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းစခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံ လှေလှော်ရွက်တိုက်ပြိုင်ပွဲနှင့် ရေတပ်သားအချက်ပြ ဆက်သွယ်ရေးပြိုင်ပွဲများ ပြုလုပ်၊ ရန်ကုန်မြစ်တွင်းမှ ပင်လယ်ဝနှင့် သန်လျင်တပ်နယ်တို့သို့ လေ့လာရေးသွားရောက်
Ministry of Information/ Naypyitaw / May 18, 2026
နေပြည်တော် မေ ၁၈
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံလှေလှော်ရွက်တိုက်ပြိုင်ပွဲနှင့် အခြေခံရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာပြိုင်ပွဲများကို မေ ၁၇ ရက် နံနက်ပိုင်းတွင် တပ်မတော် (ရေ) လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်) ၌ ပြုလုပ်ရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းအုပ်ချုပ် သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် သင်တန်းအလိုက် လက်ရိုက်အလံအချက်ပြပို့/ ဖမ်းခြင်းလက်တွေ့ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာလေးယောက်လှော် ဝမ်းပြား မီတာ (၃၀၀) ပြိုင်ပွဲနှင့် Optimist ရွက်လှေပြိုင်ပွဲတို့အား နေပြည်တော်စခန်းတန်းခွဲ (၁)၊ နေပြည်တော်စခန်းတန်းခွဲ (၂)၊ အင်းယားစခန်း၊ ကိုကိုးကျွန်းစခန်း၊ ပုသိမ်စခန်း၊ ဟိုင်းကြီးကျွန်းစခန်း၊ မော်လမြိုင်စခန်း၊ မန္တလေးစခန်း၊ ဟိန်းဇဲစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ ဘားအံစခန်းနှင့် ကျိုင်းတုံစခန်းစသည့် ရေကြောင်းလူငယ်သင်တန်း စခန်း(၁၃)ခုတို့မှသင်တန်းသား၊ သင်တန်းသူများက အသင်းလိုက်ပါဝင်ယှဉ်ပြိုင်ကြသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ရေကြောင်းလူငယ်စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို၍ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ တပ်မတော် (ရေ) သမိုင်းမှတ်တမ်းကို ပြသသည်။ ၎င်းနောက် စာသင်ဆောင်ရှိ သင်ထောက်ကူပစ္စည်းခန်းများအား လေ့လာခြင်း၊ Damage Control Simulator(Zarmani)। Ship Handling Simulator | Engine Room Simulaton Small Arm Simulator များအား လေ့လာခြင်းနှင့် သမိုင်းဝင်စစ်ရေယာဉ်(မေယု) အား သွားရောက်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ကြရာ တာဝန်ရှိသူအသီးသီးက ရှင်းလင်း ပြသကြသည်။
ထို့နောက် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် နယ်မြေခံ ရေတပ်သင်္ဘောကျင်းဌာနချုပ်သို့ ရောက်ရှိခဲ့ကြပြီး ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၊ လွန်းတင်ပြင်ဆင်လျက်ရှိသော ရေယာဉ်များ၏ ပြုပြင်ရေးဆောင်ရွက်နေမှုများနှင့် စိတ်ဓာတ်မြှင့်တင်ရေးခန်းမသို့ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
မွန်းလွဲပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် တပ်မတော် (ရေ) မှ စစ်ရေယာဉ်နှစ်စီးဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာရေးသွား ရောက်ကြရာ လေ့လာရေးခရီးစဉ်အတွင်း စစ်ရေယာဉ်များ၏ ရေယာဉ်ဆိုင်ရာအချက်အလက်များ၊ လက်နက်နှင့် လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာရေးဆိုင်ရာ အထွေထွေဗဟုသုတများ၊ ဆက်သွယ်ရေးနှင့်အီလက်ထရွန်နစ်ဆိုင်ရာစနစ်များ၊ ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့် အခြားသိသင့်သိထိုက်သည်များကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
Naypyitaw Development Committee / Posted on May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Ministry of Information / Posted on May 14, 2026
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
