၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသို့ ထုတ်ချေးပေး
၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသို့ ထုတ်ချေးပေး
Ministry of Information/ Naypyitaw / May 14, 2026
မန္တလေး မေ ၁၃
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဆောင်ရွက်မည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသို့ စတင်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် ကျောက်ဆည်ခရိုင်ဘဏ်ခွဲကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် တွေ့ဆုံ၍ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေး ချေးငွေများကို အကျိုးရှိစွာ အသုံးပြုကြရန် မှာကြားသည်။
ယမန်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ အစိုးရအဖွဲ့၏ ရက် (၁၀၀)ကာလအတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် လယ်ယာသုံး စက်ကိရိယာများအတွက် ချေးငွေထုတ်ချေးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on May 13, 2026
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း
NOTICE TO FILE INCOME TAX RETURN, ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Ministry of Finance and Revenue / Posted on May 12, 2026
အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Revenue Appellate Tribunal / Posted on May 12, 2026
အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
