၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Ministry of Information/ Naypyitaw / December 15, 2025
ရန်ကုန် ဒီဇင်ဘာ ၁၄
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်၊ ဆုရွေးချယ်အကဲဖြတ် စိစစ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုနှစ် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ဓာတ်ပုံပညာရှင်နှင့် ဝါသနာရှင် ၁၄၅ ဦးတို့က ဓာတ်ပုံပေါင်း ၄၈၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အနက်မှ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုငါးဆု၊ ပေါင်းရှစ်ဆုအတွက် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရောင်စုံဓာတ်ပုံပြိုင်ပွဲ ပြုလုပ်ခြင်းသည် မျိုးဆက်သစ်လူငယ်ဓာတ်ပုံပညာရှင်များ ပေါ်ထွက်လာစေရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါကြောင်း။
ဆက်လက်ပုံဖော်ဖန်တီး
ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဓာတ်ပုံပေါင်းများစွာအနက် ဓာတ်ပုံကောင်းများကို စိစစ်ရွေးချယ် အကဲဖြတ်ပေးကြသည့် အကဲဖြတ်ပညာရှင်ကြီးများကို ကျေးဇူးတင်ရှိပါကြောင်း၊ ဓာတ်ပုံပညာရှင်၊ ဝါသနာရှင် မျိုးဆက်သစ်လူငယ်ပြိုင်ပွဲဝင်များသည်လည်း ဓာတ်ပုံများမှတစ်ဆင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု၊ သာယာလှပမှု၊ အေးချမ်းတည်ငြိမ်မှု၊ ချစ်စရာကောင်းသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ပေါ်လွင်စေရန် ဆက်လက်ရိုက်ကူး ပုံဖော်ဖန်တီးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဆုရွေးချယ်အကဲဖြတ် စိစစ်ရေးအဖွဲ့အဖွဲ့ဝင် ဓာတ်ပုံပညာရှင် ဦးစိုင်းခမ်းလင်းက ဆုများ ရွေးချယ်ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌတို့က အထူးဆုရရှိခဲ့ကြသည့် ထက်သူ(ရွှေကျောင်းကြီး)၊ ဦးမြင့်မော်ထွန်း၊ အောင်ကျော်ထွန်း (ပံသုကျီ)၊ ဦးချမ်းသာ(MDY)နှင့် မင်းမင်းထွန်းတို့အား ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆုများချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသည့် ဦးစိုးမိုးအောင်၊ ဒုတိယဆုရရှိသည့် ဦးကျော်နိုင်လင်း (လရိပ်ပြာ)၊ တတိယဆုရရှိသည့် ဦးမျိုးမင်းထိုက် (The Eagle) တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဆုရရှိသူများကိုယ်စား ပထမဆုရရှိခဲ့သည့် ဦးစိုးမိုးအောင်က ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ခင်းကျင်းပြသထားသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲဝင်ဓာတ်ပုံများကို ကြည့်ရှုအားပေးကြသည်။
နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့်တွေ့ဆုံ၍ ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်၍ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု(၁၄-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 15, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၃/၁၄-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 14, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၂/၁၃-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 13, 2025
