ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
Ministry of Information/ Naypyitaw / December 11, 2024
နေပြည်တော် ဒီဇင်ဘာ ၁၁
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းဒေသများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ ဝင်ရောက်ခိုအောင်းနေထိုင်ကြောင်း သတင်းပေးပို့မှုများရရှိလာပါက အကြမ်းဖက်သမားများ အမှန်တကယ်ဝင်ရောက်နေထိုင်မှု ရှိ/မရှိနှင့် ဒေသခံပြည်သူများနေထိုင်ခြင်း ရှိ/မရှိကို ဝေဟင်ကင်းထောက်ခြင်းများအပြင် နည်းလမ်းမျိုးစုံအသုံးပြု၍ စုံစမ်းစစ်ဆေးပြီးမှ တုံ့ပြန်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြောင်း၊ အကြမ်းဖက်သမားများကသာ နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းနှင့် ထိုသို့ အကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Announcement
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)
Union Civil Service Board / Posted on January 10, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)
အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on January 10, 2025
အလုပ်လျှောက်လွှာခေါ်ယူခြင်း
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on January 09, 2025