မိုင်းဖြတ်မြို့နယ် နားမွန်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
မိုင်းဖြတ်မြို့နယ် နားမွန်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / February 20, 2026
မိုင်းဖြတ်မြို့နယ် နားမွန်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
မိုင်းဖြတ် ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိစေရန်ရည်ရွယ်၍ ပြည်ထောင်စု (အထွေထွေပိုလျှံ)ရန်ပုံငွေ ဖြင့် နားမွန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းသန့်၊ တာချီလိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အမာလွင်၊ မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်နှင့် ခရိုင်၊မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ နားမွန်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းသန့်က ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန်မှာကြားပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နားမွန်းကျေးရွာ၌ အကျယ် ၄ ဒသမ ၅ လက်မ၊ အနက် ၄၀၀ ပေ စက်ရေတွင်း တူးဖော်ခြင်းနှင့် အလျား ၁၀ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေ ရှိ အုတ်ရေလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်းများကို ပြည်ထောင်စု (အထွေထွေပိုလျှံ) ရန်ပုံငွေကျပ် ၃၀၀ သိန်း အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက တာဝန်ယူ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများအားလုံး ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်ထံမှ သိရသည်။
ဇင်မာ
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on February 18, 2026
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
တာဝန်မှအနားယူခွင့်ပြုခြင်း
Ministry of Information / Posted on February 18, 2026
တာဝန်မှအနားယူခွင့်ပြုခြင်း
ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းအား ထပ်မံရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း
Ministry of Defense / Posted on February 18, 2026
