“ ကြီးကြပ်ရေးအာဏာပိုင်(MAC) ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု (Anti-Money Laundering& Countering the Financing of Terrorism AML/CFT) ဆိုင်ရာ လုပ်ငန်းတာဝန်များအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲကျင်းပခြင်း


Office of the Auditor General of the Union/ NPT / April 09, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၆၁)ကို “ကြီးကြပ်ရေးအာဏာပိုင်(MAC) ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု (Anti-Money Laundering & Countering the Financing of Terrorism AML/CFT) ဆိုင်ရာ လုပ်ငန်းတာဝန်များအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ၂ ရက်နေ့မွန်းလွဲ ၂:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က အသိပညာမျှဝေရေးဆွေးနွေးပွဲ များကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိရာ စစ်ဆေးရေးဆိုင်ရာများ၊ ဝန်ထမ်းပိုင်းဆိုင်ရာများ၊ ဥပဒေအသိပညာပြန့်ပွားရေးနှင့် စည်းမျဉ်းစည်းကမ်းညွှန်ကြားချက်ဆိုင်ရာများ၊ ဌာနများ၏ လုပ်ငန်းပိုင်းဆိုင်ရာများ၊ ကျန်းမာရေးဆိုင်ရာများ၊ နိုင်ငံတကာအတွေ့အကြုံများစသည့်ကဏ္ဍ ပေါင်းစုံကို ဤရုံးဝန်ထမ်းများ၊ အခြားဌာနမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ ပြင်ပ ပညာရှင် များမှဆွေးနွေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုဆိုလျှင် (၆၁) ကြိမ်မြောက် ရှိပြီဖြစ် ပါကြောင်း၊ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ကြီးကြပ်ရေးအာဏာပိုင်(MAC)နှင့်သတင်းပို့အဖွဲ့အစည်း(စာရင်းလုပ်ငန်းများ)၏ လုပ်ငန်းတာဝန် များကို သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့တွင်လည်း “ကြီးကြပ်ရေးအာဏာပိုင်(MAC)၏ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု (Anti-Money Laundering & Countering the Financing of Terrorism AML/CFT) ဆိုင်ရာ လုပ်ငန်းတာဝန်များအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဟုသိရှိရကြောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ မြန်မာနိုင်ငံစာရင်းကောင်စီအား စာရင်းကိုင်များအတွက် ကြီးကြပ်ရေးအာဏာပိုင် အဖြစ်တာဝန်ပေးအပ်ခြင်း၊ MAC ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ငွေကြေးခဝါချမှုနှင့်အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈)၊ စာရင်းလုပ်ငန်းများ၏ AML/CFT ဆိုင်ရာ လိုက်နာဆောင်ရွက်မှုအပေါ် ကြီးကြပ်ခြင်း လုပ်ငန်းစဉ်၊ တာဝန်ပေးချက်အရစစ်ဆေးခြင်း စသည်တို့နှင့်ပတ်သက်ပြီး ဆွေးနွေးပေးမည် ဖြစ်သည့်အတွက် ကြီးကြပ်ရေးအာဏာပိုင်၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းတာဝန်များအကြောင်းနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ ရရှိရမည်ဖြစ်သည့်အတွက် လုပ်ငန်းခွင်နှင့်လူမှုဘဝနယ်ပယ်များတွင် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိခဲ့သော အသိပညာများသည် FIU က ဖွဲ့စည်းတာဝန်ပေးအပ်သော စိစစ်ရေးအဖွဲ့များတွင် တာဝန်ပေးအပ်ခံရသည့်အခါ တိကျမှုနှင့် တာဝန်ယူမှုရှိရှိ ဆောင်ရွက်နိုင်ရန် အခြေခံကောင်းတစ်ခုဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် AML/CFT ဆိုင်ရာ အသိပညာဗဟုသုတများကို လေ့လာခြင်းမှတစ်ဆင့် ကြီးကြပ်ရေးအာဏာပိုင် ၏ လုပ်ငန်းတာဝန်များကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာရည်မှန်းချက်များအောင်မြင်စေရန် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ကိုယ်တိုင်နှင့် အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း နိုင်ငံတော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်သည့် ဝန်ထမ်းကောင်းများ၊ ပြည်သူပြည်သားကောင်းများဖြစ်အောင် ဦးဆောင်လမ်းပြပေးစေလိုကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် ယနေ့ဆွေးနွေးမှုများကို အလေးထားမှတ်သားခြင်း၊ မရှင်းလင်း သည့်အချက်အလက်များ၊ ထပ်မံသိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခြင်းတို့ဖြင့် စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ယခုအစီအစဉ်မှရရှိသည့် အသိပညာ ဗဟုသုတများကို ချိတ်ဆက်အသုံးပြုစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး ဒုတိယညွှန်ကြားရေးမှူး(အဖွဲ့ဝင်၊ အုပ်စုလိုက်ပူးပေါင်းကြီးကြပ်ရေးအဖွဲ့) ဒေါ်ခိုင်ဇင်ဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးတို့က ကြီးကြပ်ရေးအာဏာပိုင်(MAC) ၏ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု (Anti-Money Laundering& Countering the Financing of Terrorism AML/CFT)ဆိုင်ရာ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲတက်‌ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ ပြန်လည် ရှင်းလင်းဖြေကြားခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် နည်းပညာ ဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့ထွန်းက ကျေးဇူးတင်စကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ် ခန်းမတွင်လည်းကောင်း၊တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၊နေပြည်တော်စာရင်း စစ်ရုံး၊မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများက Online ဖြင့်လည်း ကောင်း စုစုပေါင်း ( ၇၁၇ ) ဦး တက်ရောက်ခဲ့ကြသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video