"မိုးကောင်းမြို့နယ် ညောင်တောကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်"


Ministry of Cooperatives and Rural Development/ Naypyitaw / April 27, 2026
image_latest


"မိုးကောင်းမြို့နယ် ညောင်တောကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်"  


    မိုးကောင်း၊ဧပြီ ၂၆


ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်တောကျေးရွာအုပ်စု၊ညောင်တောကျေးရွာ၌ရက် (၁၀၀)စီမံချက်အနေဖြင့်၂၀၂၆- ၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)မိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
   ရှေးဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ​မြို့နယ်ဦးစီးမှူးဒေါ်ခင်မေဝင်း ကရက်( ၁၀၀)စီမံချက်အနေဖြင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။
   ဆက်လက်၍  စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း( VDP) အကောင်အထည်ဖော်ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် စီမံကိန်းလုပ် ငန်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များကို  ရှင်းလင်းပြောကြားသည်။
    ထို့နောက် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မေဝင်းနှင့် တာဝန်ရှိသူများက  ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ၇ဦးကို ကျေးရွာနေပြည်သူလူထုအများသဘော ဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။  ညောင်တောကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ်သိန်း၁၅၀နှင့်ကျေးရွာပြည်သူလူထုထည့်ဝင်များအသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာပံ့ပိုးမှု၊ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်ရက် ( ၁၀၀)အတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အပြီးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရသည်။


                                                     နွဲ့ယဥ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on April 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on April 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

Video