“လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာသင်တန်း”ကို ဧရာဝတီတိုင်းဒေသကြီးတွင် ဖွင့်လှစ်


Ministry of Ethnic Affairs/ Naypyitaw / May 14, 2026
image_latest


နိုင်ငံတော်သမ္မတ၏ ပြည်သူအတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ဦးဆောင်၍ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် “လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၄-၅-၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာအုပ်စု၊ ကျုံဝါးကျေးရွာရှိ နည်းပညာပြန့်ပွားရေး စင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီးနောက်  တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

အဆိုပါသင်တန်းကို (၁၄-၅-၂၀၂၆) ရက်နေ့မှ (၁၆-၅-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ အမွှေးဆီနှင့် မျက်နှာသစ် ဆပ်ပြာခဲထုတ်လုပ်နည်းများ၊ စားသောက်ကုန်များဖြစ်သည့် ကြက်သားဒံပေါက်၊ မုန်လာဥနီရွှေကြည်၊ ခင်လေးပူဆာ၊ လေးထပ်ကျောက်ကျောနှင့် ကြက်ဥကျောက်ကျောပြုလုပ်နည်းများကို စာတွေ့ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကာ ကျုံဝါးရွာမှ ကရင်တိုင်းရင်းသား သင်တန်းသား/သူ (၂၄) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။

 

 

 

 

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

Ministry of Ethnic Affairs / Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

Ministry of Ethnic Affairs / Posted on February 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

Naypyitaw Development Committee / Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

Video