(၁၀၃) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် “ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေး


Ministry of Information/ Naypyitaw / February 28, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၇

နေပြည်တော် ဇေယျာသီရိ မြို့နယ်ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးသင်တန်းကျောင်း (AERDTC) ခန်းမ၌ (၁၀၃) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများစုစုပေါင်း ၁၄၆ ဦး တက်ရောက်ကြပြီး တိုင်းဒေသကြီး /ပြည်နယ် အသီးသီးမှ စိုက်ပျိုးရေးပညာရှင် ၁၆၂ ဦးတို့က Zoom point (၁၀၀) မှ ပါဝင်တက်ရောက်ကြသည်။

အဆိုပါ တောင်သူနည်းပညာ ဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် “အနာဂတ်နည်းပညာဆွေးနွေးပွဲ” တက်ရောက်ရန်ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အွန်လိုင်းမှတစ်ဆင့် “ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၏ အခန်းကဏ္ဍ”သည် အရေးကြီးကြောင်း၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း စနစ်သည် ဂေဟစနစ်ကို အခြေခံသည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ပြီး သီးနှံများအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရသည့် စနစ်ဖြစ်ပါကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းများဖြင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဂေဟစနစ်ကခွင့်ပြုမှရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ဂေဟစနစ် ရေရှည်တည်တံ့ခိုင်မြဲ စေရန်အတွက် ပျား၊ ပိတုန်း၊ လိပ်ပြာအစရှိသည့် ဝတ်မှုန်ကူးသည့် သတ္တဝါများအားလုံး ကောင်းစွာရှင်သန်နိုင်ရေးအတွက် သီးနှံသစ်တောရောနှော စိုက်ခင်းများ တည်ထောင်စိုက်ပျိုးရန် လိုအပ်ကြောင်းနှင့် အိမ်ခြံဝင်းအတွင်း ဥယျာဉ်စိုက်ပျိုးရေးတွင် လျစ်လျူရှုခံသီးနှံပင်များ စုဆောင်း ပြီး ထိန်းသိမ်းစိုက်ပျိုးထားရှိရေး၊ ဓာတုဓာတ်ကြွင်းမရှိစေဘဲ စိုက်ပျိုးထားသည့် အော်ဂဲနစ်စနစ် စိုက်ပျိုးခြင်းကို သီးနှံသစ်တောရောနှောစိုက်ပျိုးနိုင်သည့် နေရာ များတွင် သဘာဝဝတ်မှုန်ကူးသော ပျား၊ ပိတုန်း၊ လိပ်ပြာနှင့် ဖျက်ပိုးများကိုစားသုံးသည့် မိတ်ဆွေပိုးမွှားများကို သဘာဝအလျောက်များပြား ပြည့်စုံလာစေခြင်းအားဖြင့်ကောင်းမွန်သည့် ဂေဟစနစ်ကိုရရှိပြီး ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှု ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်လယ်ယာသီးနှံစိုက်ပျိုး ရေးပညာဌာန ပါမောက္ခဒေါက်တာ အေးအေးခိုင်က “ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၏အခန်းကဏ္ဍ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန သစ်တောသုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအိအိဆွေလှိုင်က “သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဝင်းနောင်က “သစ်တောသဘာဝအရိပ်ရ မြေနိမ့်ကော်ဖီစိုက်ပျိုးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး အဆိုပါဆွေးနွေးချက်များအပေါ် ပညာရှင်များက ဖြည့်စွက်ဆွေးနွေးကာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာပညာရှင်များက အသေးစိတ်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Union Civil Service Board / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Union Civil Service Board / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Ministry of Information / Posted on February 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Video