(၁၀၅) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၈) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကျင်းပ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက ငွေကျပ်သိန်း ၁၀၀ လှူဒါန်း


Ministry of Information/ Naypyitaw / October 14, 2025
image_latest


ရန်ကုန် အောက်တိုဘာ ၁၃

(၁၀၅) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၈) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီး များ၊ ဥက္ကဋ္ဌနှင့် အစည်းအရုံးဝင်များ၊ မြန်မာ့ရုပ်ရှင်သက်ကြီးအနုပညာရှင်များ၊ ရုပ်ရှင်အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တာဝန်ရှိသူများက (၁၀၅) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရုပ်ရှင်အစည်းအရုံးဝင်းအတွင်း နိဗ္ဗာန်ကုသိုလ်အဖြစ် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် (၄၈) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ ကို ဒုတိယဝန်ကြီး ဦးရဲတင့်က ပေးအပ်ရာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက ဦးအောင်လွင်က လက်ခံရယူသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၅၀ ကို ပေးအပ်သည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀၊ Forever Group မှ ငွေကျပ် ၆၇ သိန်းကျော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟို) မှ ငွေကျပ်သိန်း ၂၀၊ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ် ၁၀ သိန်းနှင့် မင်္ဂလာရုပ်ရှင်မိသားစုက ငွေကျပ် ၂၈ သိန်းတို့ကို ပေးအပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က မုဒိတာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ရုပ်ရှင်သက်ကြီးပညာရှင်များအား ပူဇော်ကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများ ပေးအပ်ရာ ရုပ်ရှင်သက်ကြီးပညာရှင် အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေက ဆုတောင်းမေတ္တာစကား ပြောကြားခဲ့သည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၉-၂၀၂၅)

Ministry of Information / Posted on October 13, 2025

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၉-၂၀၂၅)

မဲဆန္ဒရှင် ပြည်သူများသို အသိပေးကြေညာ

Ministry of Information / Posted on October 10, 2025

မဲဆန္ဒရှင် ပြည်သူများသို အသိပေးကြေညာ

မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြိုနယ်ပြင်ပရောက် ပြည်တွင်းနှင့် ပြည်ပရှိမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

Ministry of Information / Posted on October 10, 2025

မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြိုနယ်ပြင်ပရောက် ပြည်တွင်းနှင့် ပြည်ပရှိမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023