(၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


Ministry of Education/ Naypyitaw / November 14, 2025


နေပြည်တော် ၂၀၂၅ နိုဝင်ဘာ ၁၄

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း နေပြည်တော်မှ ကျောင်းသား ကျောင်းသူများက “အမျိုးသားနေ့တို့မမေ့”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဖတ်ကြားသည်။

ယင်းနောက် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း နေပြည်တော်မှ ကျောင်းသား ကျောင်းသူများက “နဂါးနီ”သီချင်းဖြင့် ဂုဏ်ပြုသီဆိုတင်ဆက်ကြပြီး (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No (14/ 2025)

Myanmar National Human Rights Commission / Posted on November 20, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023