(၁၈) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ (18th ASEAN Ministerial Meeting on Environment (18th AMME) and Related Meetings) ကျင်းပခြင်း သတင်းထုတ်ပြန်ချက်
(၁၈) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ (18th ASEAN Ministerial Meeting on Environment (18th AMME) and Related Meetings) ကျင်းပခြင်း သတင်းထုတ်ပြန်ချက်
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / September 03, 2025
(၁၈) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ မှ ၄ ရက်နေ့အထိ Hybrid စနစ်ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အစည်းအဝေးဒုတိယနေ့ဖြစ်သည့် ၃-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၁၈) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ (18th AMME and Related Meetings) နှင့် (၂၀) ကြိမ်မြောက် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (COP-20 AATHP) များသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ တီမောလက်စတေနိုင်ငံနှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်-၅၈၊ နေပြည်တော်တွင် အွန်လိုင်းစနစ်ဖြင့် တက်ရောက် ခဲ့သည်။
အစည်းအဝေးပထမပိုင်းအဖြစ် (၁၈) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ကျင်းပခဲ့ရာ ဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဝန်ကြီးဌာန၊ ခေတ္တဝန်ကြီး H.E. Mr. Datuk Seri Johari Abdul Ghani နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူတို့က ဆောင်ရွက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့မှ နိုင်ငံအလိုက် Statement များ ဖတ်ကြားခြင်း၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံမှ အာဆီယံဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပင်လယ်ကမ်းရိုးတန်းထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများ၊ ဓာတုစွန့်ပစ်ပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာပညာပေးရေး၊ ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့်စားသုံးမှုကိစ္စရပ်များဆိုင်ရာ အစီရင်ခံစာများနှင့် ရလဒ်များအား အတည်ပြုတင်ပြဆွေးနွေးခဲ့သည်။
အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်အဖြစ် (၂၀) ကြိမ်မြောက် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး သဘောတူညီချက်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ကျင်းပခဲ့ရာ အစည်းအဝေးတွင် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး သဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ (၂၀၂၃-၂၀၃၀) နှင့် အာဆီယံဒေသသစ်ဆွေးမြေစီမံခန့်ခွဲမှု မဟာဗျူဟာ (၂၀၂၃-၂၀၃၀) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး သဘောတူညီချက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်ချက်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ခြင်း၊ အာဆီယံမိုးလေဝသ စောင့်ကြည့်လေ့လာရေးဌာန၏ အကဲဖြတ် ဆန်းစစ်ချက်အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် မေလအတွင်း ခြောက်သွေ့ရာသီ၌ မဲခေါင်ဒေသတွင် Fire hotspot နှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်မှု အခြေအနေ၊ မဲခေါင်ဒေသခွဲတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း Fire hotspot အရေ အတွက်သည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ % ခန့် လျော့နည်းခဲ့မှုနှင့် ၂၀၂၆ ခုနှစ် ဗီယက်နမ်နိုင်ငံ၌ (၂၁) ကြိမ်မြောက် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး သဘောတူညီချက်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး ကျင်းပမည့်အခြေအနေများကို ဆွေးနွေးခဲ့ပြီး ညနေ ၄း၃၀ နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Naypyitaw Development Committee / Posted on September 04, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on September 05, 2025
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/ လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊...
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)
Ministry of Information / Posted on September 05, 2025
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)