(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကျင်းပ


Ministry of Information/ Naypyitaw / December 17, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၆

(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ တွင် ကျင်းပလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ယနေ့နံနက်ပိုင်းတွင်ကျင်းပသည်။

အစီအစဉ်အရ ညီလာခံသဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက ဦးမြင့်လွင်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဦးမိတ်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အဖွဲ့ဝင် ဦးပေါငြိမ်းတို့က ဆောင်ရွက်ကြသည်။

အလေးအနက်ထားဆောင်ရွက်

ဦးစွာ သဘာပတိက (၂၄) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် အဆို ပြုချက်(၄)ရပ်တင်သွင်းပြီး ထောက်ခံဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ညီလာခံတွင် နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်မိန့်မှာချက်များကို အလေးအနက်ထားဆောင်ရွက်ကြရန်နှင့် ညီလာခံတွင်တင်သွင်းခဲ့ကြသည့် အဆိုပြုချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ်ဦးဟန်ငြိမ်းက အဆိုပြုချက် မှတ် (၁)ဖြစ်သော “မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ရောဂါရှာဖွေကုသမှုနည်းစနစ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ပညာရပ်ဆိုင်ရာလက်တွေ့သင်တန်းများ၊ ဆွေးနွေးပွဲများတိုးမြှင့်ဆောင်ရွက်ရန်” အဆိုကိုတင်သွင်းရာ မန္တလေးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ချောနန္ဒာခိုင်က ထောက်ခံဆွေးနွေးသည်။

အဆိုပြုချက် အမှတ်(၂)ဖြစ်သော “မိမိတို့ပတ်ဝန်းကျင်ရှိအပင်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဖက်ဝင်ပုံများကို သိရှိနားလည်စေရန်နှင့် မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် တိုင်းရင်းဆေးအသိပညာပေးခြင်းကိုဆောင်ရွက်ရန်”ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ ညီလာခံကိုယ်စားလှယ် ဒေါ်သန္တာဝင်းက တင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ်ဦးစိန်ဦးက ထောက်ခံဆွေးနွေးကာ ညီလာခံ နံနက်ပိုင်းအစီအစဉ်ကို ရပ်နားခဲ့သည်။

ယင်းနောက် ညီလာခံမွန်းလွဲပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက ဦးသန်းညွန့်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ အဖွဲ့ဝင်ဦးလှမြင့်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီအဖွဲ့ဝင် ဦးဝေဝင်းတို့ကဆောင်ရွက်ပြီး အဆိုပြုချက် အမှတ်(၃)ဖြစ်သော “ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် တိုင်းရင်းဆေးပညာ၏ အခန်းကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်” အဆိုကို ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ်ဒေါ်လှလှ‌‌ဌေးက တင်သွင်းပြီး ကချင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးငွေသိမ်းမင်းက ထောက်ခံဆွေးနွေးသည်။

ဆက်လက်၍ အဆိုပြုချက်အမှတ်(၄) ဖြစ်သော “ကျမ်းဂန်လာတိုင်းရင်းဆေးဖုံများ၏ ရောဂါကုသရာတွင် ထိရောက်မှုကို သိပ္ပံနည်းကျဖော်ထုတ် ဆောင်ရွက်ရန်နှင့် မူပိုင်ခွင့်ရရှိနိုင်ရေးဆောင်ရွက်ရန်” အဆိုကို ရှမ်းပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်ဥမ္မာအေးကတင်သွင်းပြီး ဆေးဝါးတက္ကသိုလ် မန္တလေးဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါက်တာ သက်သက်ဖြိုးဇော်က ထောက်ခံဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီနှောဖလှယ်ပွဲသို့ Video Message ဖြင့်ပေးပို့သော ဂုဏ်ပြုမိန့်ခွန်းနှင့် နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဦးညိုစော၏ ညီလာခံအဖွင့်မိန့်ခွန်းပါ မိန့်ကြားချက်များအား မှတ်တမ်းတင်ပြီး လုပ်ငန်းလမ်းညွှန်များအဖြစ် ခံယူဆောင်ရွက်သွားရန်နှင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင်တင်သွင်းသည့် အဆိုပြုချက်များနှင့်ပတ်သက်၍ အစည်းအဝေး၏ ဆန္ဒသဘော ထား ရယူပြီး အဆိုများအား အတည်ပြုမှတ်တမ်းတင်ကြောင်းသိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ရုပ်ရှင်ဆိုင်ရာ လိုင်စင်များနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း

Ministry of Information / Posted on December 17, 2025

ရုပ်ရှင်ဆိုင်ရာ လိုင်စင်များနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023