(၃၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
(၃၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
Ministry of Information/ Naypyitaw / September 22, 2025

နေပြည်တော် စက်တင်ဘာ ၂၂
၂၀၂၅ ခုနှစ်၊ (၃၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား/အမျိုးသမီး) မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နဝဒေးအားကစားရုံ၌ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားတိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် အဖွင့်ပွဲစဉ်များဖြစ်သည့် အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ၊ အမျိုးသမီးပန်ကြပ်အတိုက် ပြိုင်ပွဲ၊ အမျိုးသား ဓါးတစ်လက်အတိုက်ပြိုင်ပွဲနှင့် အမျိုးသမီး ဓါးတစ်လက်အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲတွင် ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓါးတစ်လက်အတိုက်ပြိုင်ပွဲ၊ ဓါးနှစ်လက်အတိုက်ပြိုင်ပွဲ၊ ပန်ကြပ်အတိုက်ပြိုင်ပွဲ၊ စွမ်းရည်ပြပြိုင်ပွဲ စသည့် အမျိုးအစား(၅)မျိုးပါဝင်ပြီး ပြိုင်ပွဲဝင်အသင်း(၁၅)သင်းဖြင့် အောက်တိုဘာလ(၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
Ministry of Information / Posted on September 21, 2025
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၁/၂၀၂၅)
Myanmar National Human Rights Commission / Posted on September 21, 2025
Myanmar National Human Rights Commission Statement No. (11/2025)
Myanmar National Human Rights Commission / Posted on September 21, 2025