(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားသမားများ နောက်ဆုံးဆန်ခါတင်လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / October 29, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၈

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒို အားကစားသမားများအား နောက်ဆုံးဆန်ခါတင် လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဂျူဒို လေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။

ယနေ့ လက်ရည်ဆန်းစစ်ဂျူဒို ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ၊ ဗိုလ်လုပွဲပွဲစဉ်များကို ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး (-၅၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမ အိအိဝင်း(GC)၊ ဒုတိယ မေဇင်ဖြိုး (YC)၊ ပူးတွဲတတိယ နော်မြတ်နိုးရွှေစင် (YC) နှင့် ဆောင်ယုံ (YC) တို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်ကလည်းကောင်း၊ အမျိုးသမီး(-၅၇)ကီလို တန်းပြိုင်ပွဲတွင် ပထမပြည့်စုံအောင် (GC)၊ ဒုတိယ အိအိသဇင်ဇော် (GC)၊ ပူးတွဲတတိယ နန်းဖြိုးသီရိ ဟန် (YC) နှင့် ပိုးအိလွင် (GC) တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ အမျိုးသမီး(-၇၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆောင်းဦးဝေ(GC)၊ ဒုတိယ ထက်ထက်လင်း(YC)၊ တတိယ နန်းနုနုခေါင်(YC)နှင့် အမျိုးသား(-၆၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမဖြိုးကျော်ကျော်(YC)၊ ဒုတိယ စောမြသံစဉ်(YC)၊ ပူးတွဲ တတိယ အောင်ဆက်ပိုင်(YC)နှင့် အိဇက် (YC)တို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ အမျိုးသား(-၇၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမ လရောင်ရှန်(GC)၊ ဒုတိယ လှိုင်မင်း ခန့်(GC)၊ ပူးတွဲတတိယ ထက်အောင် (GC)နှင့် ကျော်ဆွေ(YC)နှင့် အမျိုးသား(-၈၁)ကီလိုတန်းပြိုင်ပွဲတွင် ပထမသန့်ဇင်ဝင်းအောင် (GC)၊ ဒုတိယချစ်ကိုကို(GC)၊ တတိယအောင်ပြည့်ဖြိုး(YC)တို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက လည်းကောင်း၊ အမျိုးသမီး (+၇၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမအေးအေးအောင် (GC)၊ ဒုတိယ ဖြိုးရွှေစင်ကျော်(GC)၊ တတိယ နန်းသဲနုနုစံ(YC)နှင့် အမျိုးသား(-၉၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ကျော်ခန့်စိုး(GC)၊ ဒုတိယဇော်လင်းဖြိုး ပူးတွဲတတိယ စထက်ဝေဖြိုး(YC)နှင့် အောင်ပိုင် ခန့်(YC) တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးထံ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် ကမ္ဘာ့ ဂျူဒိုနေ့အထိမ်းအမှတ် ဒီပလိုမာမှတ်တမ်းလွှာကို ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံပြီး မကြာမီ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲ နီးကပ်လာပြီဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့်‌ လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာ မရရှိအောင် ဂရုစိုက်လေ့ကျင့်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

Ministry of Information / Posted on October 29, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

Ministry of Information / Posted on October 28, 2025

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

Revenue Appellate Tribunal / Posted on September 19, 2025

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023