(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင်အတက်/အဆင်းပြိုင်ပွဲကျင်းပ ပြိုင်ပွဲဝင် ၁၈၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 01, 2026


ဘားအံ ဇန်နဝါရီ ၁

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင်အတက်/အဆင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်တောင်ခြေအရှေ့ဘက်ခြမ်း သစ်ချကျေးရွာ တံတားဖြူ၌ စတင်တာလွှတ်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား/အမျိုးသမီးပြိုင်ပွဲဝင် ၁၈၂၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး အသက်(၄၀)နှစ်အထက်ပြိုင်ပွဲနှင့် အသက်(၄၀)နှစ်အောက်ပြိုင်ပွဲဟူ၍ အမျိုး အစား(၄)မျိုးခွဲ၍ယှဉ်ပြိုင်စေခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင် ပြိုင်ပွဲများကို သေနတ် ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး ကရင်ပြည်နယ်၏အထင်ကရနေရာတစ်ခုဖြစ်သော လူတို့ပြုပြင်ဖန်တီးထားခြင်းမရှိသည့် ဇွဲကပင်တောင်၏ သဘာဝအလှအပများကိုသိရှိခံစားနိုင်စေရန်၊ ပြည်နယ်၏ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ သဘာဝတောတောင်ရေမြေပတ်ဝန်းကျင်ကို ထိန်းသိမ်းမြတ်နိုးတတ်လာစေရန်၊ ခြေလျင်တောင်တက်အားကစားနည်းကို လူအများစိတ်ပါဝင်စားလာစေပြီး လေ့လာလိုက်စားခြင်းဖြင့် ပြည်နယ်သူ/ပြည်နယ်သားများနှင့် တစ်မျိုးသားလုံးကျန်းမာ ကြံခိုင်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ ပြိုင်ပွဲဝင်များသည်တာလွှတ်သည့်နေရာမှနှစ်မိုင်ခန့်အကွာ ပင်လယ်ရေ မျက်နှာပြင်အထက် ၂၃၇၂ ပေအမြင့်ရှိ မက်စောက်သော ဇွဲကပင်တောင်အားကျော်ဖြတ်၍ တောပုံကျေးရွာ လုမ္ဗိနီဥယျာဉ် အထက် တန်းကျောင်းရှေ့၌ ပြန်လည်ပန်းဝင်ခဲ့ကြသည်။

ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲ အမျိုးသားအသက်(၄၀)နှစ်အောက်ပြိုင်ပွဲတွင် ၅၂ မိနစ် ၂၇ စက္ကန့်၊ (၄၀)နှစ်အထက်ပြိုင်ပွဲတွင် ၅၇ မိနစ်၊ အမျိုးသမီး(၄၀)နှစ်အောက်ပြိုင်ပွဲတွင် ၁ နာရီ ၁၆ မိနစ်၊ (၄၀)နှစ်အထက်ပြိုင်ပွဲတွင် ၁ နာရီ ၃၃ မိနစ်တို့ဖြင့် ပြန်လည်ပန်းဝင်လာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက အမျိုးသမီးအသက်(၄၀)နှစ်အထက်ပြိုင်ပွဲ နှစ်သိမ့်ဆု ၆ မှ ၃၅ ထိရရှိကြသူများနှင့် ပဥ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမရရှိကြသူများကိုလည်းကောင်း၊ အမျိုးသမီးအသက်(၄၀)နှစ် အောက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၆ မှ ၅၀ ထိရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်တို့က အမျိုးသားအသက်(၄၀)နှစ်အထက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၆ မှ ၃၅ ထိရရှိကြသူများ၊ ပဥ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမရရှိကြသူများ၊ (၄၀)နှစ်အောက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၆ မှ ၅၀ ထိရရှိကြသူများကိုလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုကလပ်များကိုပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက က အမျိုးသမီးအသက်အကြီးဆုံးပြိုင်ပွဲဝင်နှစ်ဦးနှင့် အသက်အငယ်ဆုံး နှစ်ဦးတို့အား အထူးဆု၊ အမျိုးသမီးအသက်(၄၀)နှစ်အောက်ပြိုင်ပွဲ ပဥ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆု ရရှိကြသူ များအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေးသားဆုနှင့် ဆုကလပ်များကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က ပြိုင်ပွဲဝင်အသက်အကြီးဆုံးနှစ်ဦးနှင့်အသက်အငယ်ဆုံးနှစ်ဦးတို့အား အထူးဆုနှင့် အမျိုးသားအသက်(၄၀)နှစ်အောက် ပြိုင်ပွဲ ပဥ္စမ၊စတုတ္ထ၊တတိယ၊ဒုတိယနှင့်ပထမဆုရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ငွေးသားဆုနှင့်ဆုကလပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉/၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on January 06, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉/၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on December 31, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on January 05, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023