(၈၁) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် (၃၂) ကြိမ်မြောက် တပ်မတော်(ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
(၈၁) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် (၃၂) ကြိမ်မြောက် တပ်မတော်(ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / February 23, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၃
(၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအဖွဲ့များက စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းအား အလေးပြုခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်းနှင့် သစ္စာအဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ စစ်ရေးချုပ်က (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ) အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင်ကျွမ်းကျင်မှုတတိယဆုရရှိသည့် ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၂)စစ်တီးဝိုင်း ခေါင်းဆောင်၊ ဒုတိယဆုရရှိသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းခေါင်းဆောင်နှင့် ပထမဆုရရှိသည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းခေါင်းဆောင်၊ (က)အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှုအကောင်းဆုံးဆုရရှိသည့် စစ်တက္ကသိုလ်ကိုယ်စားပြု စစ်တီးဝိုင်းခေါင်းဆောင်တို့ကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ (ခ)အဆင့်တွင် အသင်းလိုက် အထူးဆု(၂)ရရှိသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်း၊ အထူးဆု(၁)ရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်း၊ အသင်းလိုက်တတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်း၊ ဒုတိယဆုရရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းနှင့် ပထမဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁) စစ်တီးဝိုင်းတို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ထို့နောက် (က)အဆင့်တွင် အသင်းလိုက်အထူးဆု ရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ကိုယ်စားပြုရဲတီးဝိုင်း၊ တတိယဆုရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြုစစ်တီးဝိုင်း၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်တီးဝိုင်းနှင့် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုစစ်တီးဝိုင်းတို့ကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ တပ်မတော်နေ့အထိမ်းအမှတ် တပ်မတော်(ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းပေါင်း ၂၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on February 23, 2026
မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်
Ministry of Information / Posted on February 23, 2026
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် အမျိုးသားလွှတ်တော်ထုတ်ပြန်
Ministry of Information / Posted on February 23, 2026
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် အမျိုးသားလွှတ်တော်ထုတ်ပြန်
