(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိုင်ကြီးငူဒေသ ရေပေးဝေရေးနှင့်သစ္စာအေးမြိုင်ကျေးရွာမှ ကျောက်စာကွင်းမုဒ်ဝထိ ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိုင်ကြီးငူဒေသ ရေပေးဝေရေးနှင့်သစ္စာအေးမြိုင်ကျေးရွာမှ ကျောက်စာကွင်းမုဒ်ဝထိ ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / March 12, 2026
ဘားအံ မတ် ၁၂
(၈၁)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက် သော လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသ ရေပေးဝေရေးနှင့် သစ္စာအေးမြိုင်ကျေးရွာမှ ကျောက်စာကွင်းမုဒ်ဝထိ ကွန်ကရစ် လမ်း(၂၀၃၃)ပေ ဖွင့်ပွဲကို မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူ များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်းတိုက်ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် သီရိပျံချီအဂ္ဂ မဟာမင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တဉာဏိက၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံ ငွေကျပ်(၂၈၀ဒဿမ၄၉၃)သန်းဖြင့် အရှည် ၂၀၃၃ ပေ၊ အကျယ် ၁၈ ပေ၊ ကွန်ကရစ်ထု ၇ လက်မနှင့် လမ်းပုခုံးတစ်ဖက် လျှင်(၃)ပေစီပါရှိသော ကွန်ကရစ်လမ်းသစ် အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြ သော ဘင်ခရာ၊ပန်းပွားအဖွဲ့များ၊ယဉ်ကျေး မှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ကြကာ ကွန်ကရစ်လမ်းသစ်အားဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ကွန်ကရစ်လမ်းသစ်ကိုဆောင်ရွက်ပြီးစီးသွားသည့်အတွက် သစ္စာအေးမြိုင်ကျေးရွာအပြင်အနီးပတ်ဝန်းကျင်တွင်ရှိသည့် ကျေးရွာများအတွက်ပါ ပညာရေး၊ ကျန်းမာရေးနှင့်အခြားသောလူမှုရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ရေရှည်တည်တံ့ခိုင်မြဲအောင် ဒေသခံတိုင်းရင်းသားပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးဦးသန့်ဇင်က ကွန်ကရစ်လမ်းခင်းခြင်းနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် လမ်းဖွင့်ပွဲသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကား များပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြိုင်ကြီးငူဒေသရှိ ရေရရှိရေးလုပ်ငန်းမှ ဥယျာဉ်ခြံ ကျောင်းသို့ ရေပိုက်သွယ်တန်းခြင်း အရှည်(၁၄၅၂၀)ပေ၊ ဂါလံ(၅၀၀၀)ဆံ့ ရေစုကန်တစ်ကန်နှင့် အေးလင်းသာယာကွင်း ယာယီနေရပ်စွန့်ခွာစခန်းသို့ရေပိုက်သွယ်တန်းခြင်း အရှည်(၆၆၀၀)ပေ၊ ဂါလံ(၁၀၀၀၀)ဆံ့ရေစုကန်တစ်ကန်တည်ဆောက် ပြီးစီးခြင်းတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးညွှန်ကြားရေးမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၁၃၂ ဒဿမ ၆၇၀)သန်းဖြင့် ဒေသလိုအပ်ချက်အရ နေရာ(၅)နေရာ တွင် ရေခပ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြိုင်ကြီးငူ ဒေသရှိ ရပ်ကွက်များသို့ တိုးချဲ့ရေပေးဝေနိုင်ရေး မြေပြင်ကွင်းဆင်းတွက်ချက်တိုင်းတာဆောင်ရွက်ပေးရန် တာဝန်ရှိသူများ အား မှာကြားကာ ဂါလံ(၁၀၀၀၀)ဆံ့ရေစုကန်တွင် ဒေသခံပြည်သူများက ရေလာရောက်ခပ်ယူသုံးစွဲနေမှုအခြေအနေများ ကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြိုင်ကြီးငူအေးလင်းသာယာကျောက်စာကွင်းဓမ္မာရုံတွင် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေထိုင်သည့်ကာလအတွင်း တစ်ဦးနှင့်တစ် ဦး ခိုက်ရန်ဖြစ်ပွားခြင်းမရှိဘဲ စည်းစည်းလုံးလုံးနေထိုင်ကြရန်၊ ရာသီအလိုက်ဖြစ်ပွားတတ်သည့်ကူးစက်ရောဂါများဖြစ်ပွား မှုမရှိစေရေး ဂရုစိုက်နေထိုင်ကြရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအထူးဂရုစိုက်နေထိုင်ကြရန်၊ စည်းကမ်းနှင့်အညီနေထိုင်ကြရန် မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့်တာဝန်ရှိသူများက အဆိုပါယာယီနေရပ်စွန့်ခွာစခန်းရှိ အိမ်ထောင်စု ၁၃၆၇ စုအတွက် ဆန် ၂၄ ပြည်အိတ် ၂၂၈ အိတ်၊ ဆီ ၆၈၃ ဒဿမ ၅ လီတာတို့ကို ပေးအပ်ချီးမြှင့်ရာ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းနှီးနွေး ထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
အများပြည်သူသို့ အသိပေးကြေညာခြင်း
Naypyitaw Council / Posted on March 13, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 12, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Naypyitaw Development Committee / Posted on March 11, 2026
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
