(၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရားအတွင်း-ခရားအပြင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်
(၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရားအတွင်း-ခရားအပြင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်
Ministry of Cooperatives and Rural Development/ Naypyitaw / March 18, 2026
ဘားအံ မတ် ၁၇
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်သော ခရားအတွင်း-ရေားအပြင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်ကို ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော မွန်ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများပေးအပ်၍ လမ်းသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးကာ (ယာပုံ) လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ကျေးလက်လမ်း၊ တံတားများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်၊ မြို့ပြအချိုးညီ ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးရွာမှမြို့ပြအသွင်သို့ အချိန်တိုအတွင်း တိုးတက်ပြောင်း လဲလာမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော် အကြိုမိတ်ဆက်ခြင်း အခမ်းအနားကို ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို အတူတကွ ကြိုးပမ်းဆောင်ရွက်ကာ ပြည်သူများ ယုံကြည်အားထားရသည့် လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာစေရေး ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က လွှတ်တော်ရုံးနှင့်ပတ်သက်သည်များ၊ ကရင်ပြည်နယ် တရားလွှတ်တော်ရုံးက ပြည်နယ်တရားလွှတ်တော် ဆိုင်ရာဗဟုသုတများနှင့် ပြည်နယ်ဥပဒေချုပ်ရုံးက ဥပဒေပိုင်းဆိုင်ရာ ဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
Announcement
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on March 16, 2026
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
Ministry of Information / Posted on March 16, 2026
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 16, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
