(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ကွက်သစ်အလယ်တန်းကျောင်း(ခွဲ)၌ RCC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ကွက်သစ်အလယ်တန်းကျောင်း(ခွဲ)၌ RCC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / March 20, 2026
ဘားအံ မတ် ၂၀
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကမြင် ကွက်သစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ ၁၂၀ပေ x ၃၀ပေ RCC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို မတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ် ဝန်ကြီးများက ကျောင်းဆောင်သစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ကျောင်း သား၊ကျောင်းသူယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသားဦးရေနှင့်စာသင်ခန်းလုံလောက်မှုမရှိသည့် အတွက် ကျောင်းဆောင်လိုအပ်ချက်အရ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေကျပ် ၃၄၀ ဒဿမ ၂၉၀ သန်းဖြင့် (Quick Win)အစီအစဉ်အရ နန်းအေးရိပ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် ၁၂၀ပေ x ၃၀ပေ RCC တစ်ထပ်ကျောင်း ဆောင်သစ်နှင့် အဆိုပါကျောင်းဆောင်သစ်အတွင်း ပညာရေးဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးထားသော စာရေးစားပွဲ၊ ကုလားထိုင်အစရှိသောပရိဘောဂပစ္စည်းများခင်ကျင်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့်ကျောင်းဆောင်နှင့်အတူ တည်ရှိပြီးကျောင်းဆောင်များ၏ ကျောင်းဥပဓိရုပ်ရေရှည် ကောင်းမွန်ရေး၊ ကျောင်းဝင်းသန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးကြစေလိုပြီး ကျောင်းကော်မတီများ၊ အကျိုးဆောင်များ၊ မိဘများအနေဖြင့် မိမိတို့၏သားသမီးပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင် တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ ဆရာမများကလည်း ပညာရည်ထူးချွန်ပြီးနိုင်ငံအတွက်အားထားရသည့်ဗလငါး တန်နှင့်ပြည့်စုံသော တပည့်ကောင်းများပေါ်ထွက်လာအောင် သင်ကြားပေးကြရန်နှင့် စည်းကမ်းပြည့်ဝသောတပည့် ကောင်းများဖြစ်လာအောင် သွန်သင်ဆုံးမသင်ကြားပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကျောင်းဆောင်သစ်ကိုတာဝန်ယူတည်ဆောက်ပေးသည့် နန်းအေးရိပ်ကုမ္ပဏီက ကျောင်းဆောင်သစ် ဆိုင်ရာစာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးထံလွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော် ဆောင်မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြော ကြားခဲ့ပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
