“The Future of Judiciary in an AI-Driven World စကားဝိုင်းဆွေးနွေးပွဲ” ကျင်းပပြုလုပ်


The Supreme Court of the Union/ Nay Pyi Taw, / January 16, 2026


နေပြည်တော်၊ ဇန်နဝါရီ ၁၆

တရားသူကြီးများ၊ တရားရေးဝန်ထမ်းများအနေဖြင့် AI နည်းပညာကို ပိုမိုသိရှိစေရန် ရည်ရွယ်၍ “The Future of Judiciary in an AI-Driven World” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ e-Government ဌာနက ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် နံနက် ၀၉:၀၀ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်ရုံး၊ ၊ e-Government ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆုဝေလဲ့က Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး Panelist များ ဖြစ်ကြသည့် ဦးကိုကိုလွင် (ညွှန်ကြားရေးမှူး၊ e-Government ဌာန) ၊ ‌‌ဒေါက်တာမိမိငယ် (Managing Director, Realistic Infotech Group Co., Ltd) ၊ ဒေါ်ပန်းအိဖြူ (တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်) နှင့် ဦးဌေးလင်း (နည်းပညာအကြံ‌ပေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့) တို့က AI ခေတ်၏ အနာဂတ်တရားစီရင်ရေး အခန်းကဏ္ဍ ၊ AI နည်းပညာအတွက် တိကျခိုင်မာသည့် မူဘောင်များ သတ်မှတ်နိုင်ရေး၊ AI နည်းပညာ၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ နိုင်ငံတကာ၏ တရားစီရင်ရေးတွင် AI နည်းပညာအသုံးပြုမှု စသည့်ခေါင်းစဥ်များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်‌‌ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြသည်။

အဆိုပါနည်းပညာစကားဝိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များမှ တရားရေးအရာရှိများ၊ တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ စုစုပေါင်း (၁၀၆၈) ဦးတက်ရောက်ကြသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Press Statement

Myanmar National Human Rights Commission / Posted on January 15, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on January 16, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023