1st ASEAN Digital Senior Officials' Meeting (1st ADGSOM) အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်


Ministry of Transport and Communications/ Naypyitaw / January 20, 2021


ပထမအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (1st ASEAN Digital Senior officials' Meeting - 1st ADGSOM) အစည်းအဝေးကို  ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီ လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ Virtual ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဆက်သွယ်ရေး၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းဦးဆောင်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ နှင့် ကိုယ်စားလှယ်အဖွဲ့မှ ပါဝင်တက်ရောက်ခဲ့သည်။ 

 
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပရာ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ဒစ်ဂျစ်တယ်ဆိုင်ရာအရာရှိကြီးများ ကိုယ်စားလှယ်များ၊ အာဆီယံ ICT Center နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ 
 
ဇန်နဝါရီလ ၂၀ရက်နေ့တွင် ဒစ်ဂျစ်တယ်ဆိုင်ရာအဆင်မြင့်အရာရှိကြီးများသည်  ဆွေးနွေးဘက်နိုင်ငံများမှ ဒစ်ဂျစ်တယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများနှင့် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ ၊ အိန္ဒိယနိုင်ငံ ၊ အမေရိကန်ပြည်ထောင်စု၊  အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေး ဌာနချုပ် (ITU) ၊ ဥရောပသမဂ္ဂအဖွဲ့ (EU) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ 
 
အဆိုပါ အစည်းအဝေးတွင် ASEAN ICI Work Plan ၂၀၂၁ အရ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေနွေးခြင်း၊ ASEAN Digital Masterplan 2020 (ADM 2020) Final Review ဆောင်ရွက် ပြီးစီးမှုအား အတည်ပြုခြင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများအပေါ် ဆွေးနွေးခြင်း၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အ‌မေရိကန်ပြည်ထောင်စု၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဌာနချုပ် (ITU) နှင့် ဥရောပနိုင်ငံတို့နှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအပေါ် ဆွေးနွေးတည်ပြုခြင်း၊ ASEAN Digital Masterplan 2025 (ADM 2025) အား 1st ASEAN Digital Minister's Meeting (ADGMIN 1) တွင် တင်ပြအတည်ပြုနိုင်ရန် ဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက်ဆောင်ရွက်သည့် စီမံကိန်းများ ပြီးစီးမှုနှင့် ဆောင်ရွက်မှုအခြေအနေများ တင်ပြဆွေးနွေးခြင်း ASEAN Digital Minister's Meeting (ADGMIN) ထောက်ခံချက်ယူရန်ရှိသည့် စီမံကိန်းများ၊ အာဆီယံ အိုင်စီတီ ရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်းနှင့် အခြားဆက်သွယ်ရေးနှင့် အိုင်စီတီ ကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video