Auto CAD အသုံးပြုနည်းနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ
Auto CAD အသုံးပြုနည်းနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / February 03, 2026
Auto CAD အသုံးပြုနည်းနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Auto CAD အသုံးပြုနည်းနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများအနေဖြင့် အင်ဂျင်နီယာနည်းပညာဆိုင်ရာ အထောက်အကူပြု Auto CAD Software အသုံးပြု၍ Drawing များရေးဆွဲတတ်စေရန်၊ ကုန်ထုတ်လမ်းလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးရွာတွင်းလမ်းများအတွက် အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းလမ်းညွှန် (QC SOP)အရ လိုက်နာဆောင်ရွက်ရမည့် နည်းပညာလုပ်ငန်းစဉ် များအား သိရှိနားလည်၍ မြေပြင်၌ အရည်အသွေးစစ်ဆေးရာတွင် ပိုမိုတိကျမှန်ကန်စွာဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဒီသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ကုန်ထုတ်လမ်းများ အရည်အသွေးပြည့်မီစေရေးအတွက် လမ်းအလွှာလိုက် CBR စစ်ဆေးခြင်း၊ DOC စစ်ဆေးခြင်းတွေကို လည်း ဆောင်ရွက်လျက်ရှိတာဖြစ်တဲ့အတွက် သတ်မှတ်စံချိန်စံညွှန်းတွေကို သိရှိထားဖို့လိုပါကြောင်းနှင့် လုပ်ငန်းများအား ကျယ်ပြန့်စွာဆောင်ရွက်လာနိုင်စေရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပြုနိုင်ရန် Auto CAD Software အသုံးပြုနည်းကို သေချာသင်ကြားလိုက်နာသင်ယူကြဖို့ မှာကြား လိုပါကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြား သည်။
အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ(၃၆)ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၂-၂-၂၀၂၆ရက်နေ့မှ ၆-၂-၂၀၂၆ရက်နေ့ထိ ငါးရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးမည် ဖြစ်ကြောင်းသိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on February 02, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on February 01, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ
Ministry of Information / Posted on January 31, 2026
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။
