Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေး


Ministry of Information/ Naypyitaw / February 10, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၀

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy (ဘွဲ့နှင်းသဘင်ခန်းမ) ဘက်စုံသုံးခန်းမဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw Star Academy မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် Naypyitaw State Academy သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားရိုးရာအစားအစာရောင်းချပွဲတွင် ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) ရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

ထို့နောက် Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) အတွင်း လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းကို ကျင်းပပြုလုပ်ရာ Naypyitaw State Academy မှ ကျောင်းသူလေးများက Naypyitaw State Academy သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Naypyitaw State Academy ၏ ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း Documentary အား ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ပြည်ထောင်စုအဆင့် အဆောက်အအုံများ၊ ခေတ်မီမြို့ပြနေထိုင်မှုစနစ်များ၊ Naypyitaw State Academy & Naypyitaw State Polytechnic University တို့ကဲ့သို့ အဆင့်မြင့်တက္ကသိုလ်များတည်ရှိနေမှုသည် နေပြည်တော်၏ ဂုဏ်ကျက်သရေကို တင့်တယ်ခမ်းနားစေသည့်အပြင် ခေတ်မီပညာရပ်များ သင်ကြားပို့ချရာ ပညာရေးမြို့တော်အဖြစ်လည်း ပုံဖော်ဖန်တီးပေးလျက်ရှိကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်ကိုတည်ဆောက်နိုင်ရေး ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ ထိုသို့သော ရည်မှန်းချက်နှင့်အညီ နိုင်ငံတကာအဆင့်မီ Naypyitaw State Academy ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုတက္ကသိုလ်ကြီးသည် ဝိဇ္ဇာ၊ သိပ္ပံ၊ စီးပွားရေး၊ ဥပဒေပညာ၊ ဆေးပညာ၊ လူမှုရေးပညာ၊ သံတမန်ရေးရာ၊ အားကစားအစရှိသည့် ဘာသာရပ်နယ်ပယ်စုံလင်စွာဖြင့် ဘက်စုံပညာများကို သင်ကြားပို့ချပေးနေသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပညာရပ်ပေါင်းစုံလေ့လာသင်ယူနိုင်မည့် Comprehensive University လည်းဖြစ်ကြောင်း။

Naypyitaw State Academy သည် နိုင်ငံတော်၏ လူမှုစီးပွားဘဝမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည့် ပညာရှင်များ မွေးထုတ်ပေးနိုင်မည့် ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ “ပညာဧဝ အဓိပတိ” ဆိုသည့်ဆောင်ပုဒ်အတိုင်း ပညာကို အထွတ်အမြတ်ထား ဦးထိပ်ပန်ဆင်ပြီး ပညာအမွေကို လက်ဆင့်ကမ်းဖြန့်ဝေပေးနေသည့် တက္ကသီလာတစ်ခုလည်း ဖြစ်ပါကြောင်း။

ယခင်က နေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောတက္ကသိုလ်များသာရှိခဲ့ကြောင်း၊ ယခုဆိုပါက နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးက ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးများအနေဖြင့် ရှိပြီးသား အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များမှာသာမက Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့တွင် အဆင့်မြင့်ပညာများကို အဆင်ပြေချောမွေ့စွာ လက်လှမ်းမီသင်ယူနိုင်ကြပြီဖြစ်ပါကြောင်း။

ယနေ့တွင် ထိုကဲ့သို့သော အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသည့် ဘွဲ့ရပညာတတ် နိုင်ငံ့သားကောင်းရတနာမွန်များ မွေးထုတ်ပေးရာ Naypyitaw State Academy ၏ ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) ကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း။

ဘွဲ့နှင်းသဘင်ခန်းမဟူသည်မှာ ပညာသင်ယူမှုခရီးလမ်း၏ အောင်မြင်မှုမှတ်တိုင်အဖြစ် တက္ကသိုလ်ပညာရေးအဆင့်တစ်ခုပြီးမြောက်ကြောင်း အသိအမှတ်ပြု ဘွဲ့လက်မှတ်များ အပ်နှင်းချီးမြှင့်ရာ ထွတ်မြတ်သည့်နေရာမွန်ဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခု၏ ဂုဏ်သိက္ခာကြီးမြတ်မှု၊ ပညာဂုဏ်သတင်းကျော်ဇောမှု၊ သမိုင်းအစဉ်အလာကောင်းမွန်မှုများကို ကမ္ဗည်းမော်ကွန်းတင်ရာ ကျက်သရေမင်္ဂလာရှိသည့် ဗိမာန်တစ်ခုလည်းဖြစ်ကြောင်း။

ယခုဘွဲ့နှင်းသဘင်ခန်းမအဆောက်အအုံဒီဇိုင်းများကို မဲစနစ်ဖြင့် ကျောင်းသား ကျောင်းသူများ ကိုယ်တိုင်ရွေးချယ်စေခဲ့ပြီး ရွေးချယ်မှုမဲအများဆုံးရရှိသည့် ဒီဇိုင်းဖြင့် တည်ဆောက်ခဲ့ခြင်းသည် ယခုဘွဲ့နှင်းသဘင်ခန်းမကြီး၏ ထူးခြားချက်ပင်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့သော ဆောင်ရွက်မှုများမှတစ်ဆင့် လူငယ်များ၏ပါဝင်မှုအခန်းကဏ္ဍ ကိုမြှင့်တင်ပေးကြရန်နှင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများရရှိအောင် လေ့ကျင့်ပေးကြစေလိုကြောင်း၊ ယခုဆိုပါက ယခုဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့ရကျောင်းသား (၂၃၀) ဦးကို မကြာမီတွင် ပထမအကြိမ်အဖြစ် ဘွဲ့အပ်နှင်းချီးမြှင့်ပေးနိုင်တော့မည်ဖြစ်သည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်မှုသည် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များအပေါ်တွင် အဓိကမူတည်ပါကြောင်း၊ လူငယ်များကို ပညာအမြော်အမြင်ရှိအောင်၊ ယုံကြည်ချက်ခံယူချက် မှန်ကန်အောင်၊စိတ်ဓာတ်ကောင်းမွန်ပြီး အများအကျိုးသယ်ပိုးတတ်အောင် လေ့ကျင့်ပေးနိုင်မှသာ ငြိမ်းချမ်းသာယာသည့် ခေတ်မီနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အသိပညာ၊ ကျွမ်းကျင်မှု၊ ကျင့်ဝတ်တို့နှင့် ပြည့်စုံပြီး အရည်အချင်းရှိသည့် ဘွဲ့ရပညာတတ်များ အရေအတွက်များစွာ မွေးထုတ်ပေးရန်လိုကြောင်း။

ပညာဟူသည်မှာ လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုယ်စိတ်ဓာတ်နှင့် ခံယူချက်များ မြင့်မားတိုးတက်စေနိုင်သည်ဖြစ်သဖြင့် နိုင်ငံ့အတွက် အရေးပါပြီး တန်ဖိုးကြီးမားသည့် အခြေခံအရည်အချင်းဖြစ်ပါကြောင်း၊ ပညာသင်ယူမှုကတစ်ဆင့် ရရှိလာသည့် စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍအသီးသီးတွင် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း။

တက္ကသိုလ်ဟူသည်မှာ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာ ဘူမိနက်သန်ဖြစ်သကဲ့သို့ ဆန်းသစ်တီထွင်သည့် နည်းပညာအခြေပြုသုတေသနများ အစပြုဖော်ဆောင်ရာနေရာလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဦးတည်ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုစသည့်ကဏ္ဍများ တိုးတက်ကောင်းမွန်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် တက္ကသိုလ်များသည် အဓိကအရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း။

ထို့ကြောင့် Naypyitaw State Academy ကို စတင်ဖွင့်လှစ်ခဲ့ချိန်မှစပြီး သုံးနှစ်ကျော်ကာလအတွင်း၌ ကျောင်းသားဗဟိုပြု သင်ကြား၊ သင်ယူမှုစနစ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ ရည်ညွှန်းစာအုပ်များကို ပြည့်စုံစွာ ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ထို့အပြင် တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါရပ်များဖြင့် ပြည့်စုံအောင် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ အပန်းဖြေရိပ်သာ၊ အားကစားကွင်း၊ ဆရာ၊ ဆရာမဆောင်များ၊ ဝန်ထမ်းအိမ်ရာများ စသည်တို့ကို ဖြည့် ဆည်းပေးလျက်ရှိကြောင်း၊ တက္ကသိုလ်ပရိဝုဏ် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်ပန်းမန်များကိုလည်း စိုက်ပျိုးပေးထားပြီး ကျောင်းသား၊ ကျောင်းသူများ အဆင့်မြင့်ပညာရပ်များကို သင်ယူလေ့လာရင်း တက္ကသိုလ် ကျောင်းသားဘဝ University Life ကို အေးချမ်းပျော်ရွှင်စွာ ခံစားစေနိုင်စေရေး ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

Naypyitaw State Academy တွင် အရည်အသွေးပြည့်ဝသည့် တက္ကသိုလ်ပညာရပ်များကို ဆည်းပူးခွင့်ရစေရေး ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေးပညာ အားကစားမဟာဌာန၊ အားကစားပညာမဟာဌာနဟူသည့် မဟာဌာနကြီး (၇) ခုနှင့် ဘွဲ့ကြိုသင်တန်းများ၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ စတင်ဖွင့်လှစ်စဉ်က အထူးပြုဘာသာရပ် ၁၂ ခုကို စတင်လက်ခံသင်ကြားခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် လူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်ဓာတုဗေဒ၊ နျူကလီးယားရူပဗေဒစသည့် ဘာသာရပ်များ၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ၊ လူမှုရေးပညာ၊ စာကြည့်တိုက်နှင့် သုတပညာဘာသာရပ်များ၊ ကမ္ဘာ့အလယ်တွင် နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ဖော်ဆောင်ပေးနိုင်မည့် သံတမန်ရေးရာစသည့် ဘာသာရပ်များအပါအဝင် အထူးပြုဘာသာရပ် (၂၄) ခုအထိ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီဖြစ်ကြောင်း။

ထိုကဲ့သို့ အထူးပြုဘာသာရပ်များကို တိုးချဲ့သင်ကြားရုံသာမက တက္ကသိုလ်၏အသက်သွေးကြောဖြစ်သည့် သုတေသနများကိုလည်း ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ သုတေသနဆောင်ရွက်ခြင်းသည် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးနှင့် သုတေသနအထောက်အထားအခြေပြုမူဝါဒများ ချမှတ်ရေးတို့အတွက် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပါကြောင်း။

Naypyitaw State Academy အနေဖြင့် ပညာရှင်များ၏ သုတေသနရပ်ဝန်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေး သုတေသနစာတမ်းဖတ်ပွဲများ၊ ကျောင်းသားလူငယ်များ၏ သုတေသနပရောဂျက်များကို အားပေးမြှင့်တင်ပေးနေသည့်အပြင် လူငယ်များ အတွေးအခေါ်မြင့်မားပြီး စွမ်းရည်ပြည့်ဝစေရန် လူငယ်စကားဝိုင်းများ၊ ပြပွဲပြိုင်ပွဲများ၊ လုပ်ငန်းခွင် လက်တွေ့လေ့လာရေးအစီအစဉ်များ၊ အလုပ်အကိုင်အခွင့်အလမ်းပြပွဲနှင့် ဆွေးနွေးပွဲများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် ကျောင်းသားများကို ဘွဲ့ဒီဂရီတစ်ခုရရှိရန်အတွက်သာမဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ပြည့်စုံကောင်းမွန်သည့် လူနေမှုဘဝကို တည်ဆောက်နိုင်ရေး တက္ကသိုလ်နှင့် Industry တို့၏ မိတ်ဖက်ချိတ်ဆက်မှုတစ်ခုဖြစ်ပါကြောင်း။

တက္ကသိုလ်တစ်ခု ရေရှည်တည်မြဲရေးဟူသည်မှာ စီမံခန့်ခွဲသူများ၏ မှန်ကန်ထိရောက်သည့် ဦးဆောင်မှု၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးပြည့်ဝမှု၊ ကျောင်းသားများ၏ အမိတက္ကသိုလ်အပေါ် မြတ်နိုးတန်ဖိုးထားမှုနှင့် ကြိုးစားအားထုတ်မှု၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားမှုများအပေါ် အများကြီးတည်မှီနေကြောင်း၊ ထို့ကြောင့် Naypyitaw State Academy ၏ ခန့်ညားထည်ဝါသည့် ဂုဏ်သတင်းကို ထိန်းသိမ်းမြှင့်တင်ပြီး နောင်နှစ်ပေါင်းများစွာတိုင် ကမ္ဘာ့အဆင့်မီထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ကျောင်းသားများကို အသိပညာ၊ အတတ်ပညာ၊ ကျင့်ဝတ်သိက္ခာပြည့်စုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်နှင့် စစ်မှန်သည့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိသည့်၊ စိတ်ဓာတ်မြင့်မားသည့်၊ စည်းကမ်းပြည့်ဝသည့်၊ အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့် နိုင်ငံကိုဦးဆောင်မည့် ဘွဲ့ရပညာတတ်များကို မွေးထုတ်ပေးကြရန် အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်း။

Naypyitaw State Academy ၏ ဘွဲ့နှင်းသဘင်ခန်းမကြီးကို ယခုကဲ့သို့ ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးနိုင်သည့်အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုဘွဲ့နှင်းသဘင် ပရိဝုဏ်မှ နှစ်စဉ်နှစ်ဆက် ပေါ်ထွက်လာကြမည့် ဘွဲ့ရမောင်မယ်များအနေဖြင့် နိုင်ငံတော်က အားကိုးအားထားပြုနိုင်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးနိုင်မည့် လူတော်လူကောင်းများဖြစ်လာကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သည့် အနာဂတ်လူ့ဘောင်ကို တည်ဆောက်နိုင်ရေး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်မည့် အသိပညာအတတ်ပညာနှင့်ပြည့်စုံသည့်၊ နှလုံးရည်ပြည့်ဝသည့် ပညာတတ်လူရည်ချွန် လူရည်မွန်များကို ယခုဘွဲ့နှင်းသဘင်ခန်းမကြီးမှ ဆက်လက်မွေးထုတ်ပေးနိုင်ပါစေဟု ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းကို ပေးအပ်သည်။

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) အား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။ ၎င်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား၊ ကျောင်းသူများ၊ အနုပညာဦးစီးဌာနမှ တေးသံရှင်များ၊ နိုင်ငံကျော်တေးသံရှင်များ၊ Naypyitaw State Academy မှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများ၊ သရုပ်ဖော်များ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

လှည့်လည် အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် အလုပ်အကိုင်အခွင့်အလမ်းပြခန်းများအား ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။

အဆိုပါ Naypyitaw State Academy (ဘွဲ့နှင်းသဘင်ခန်းမ) ဘက်စုံသုံးခန်းမအဆောက်အအုံကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလျား ၃၀၂ ပေ၊ အနံ ၂၁၈ ပေရှိကာ စုစုပေါင်းစတုရန်းပေ ၁၆၇၀၀၀ ကျော်ရှိ ၃ ထပ်သံကူကွန်ကရစ်အဆောက်အအုံဖြစ်ကြောင်း၊ ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပနိုင်ရန်သာမက အခြားသောအခမ်းအနားများနှင့် ဖျော်ဖြေတင်ဆက်မှုများ ကျင်းပဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လူဦးရေ ၁၂၀၄ ဦးဆံ့ ဘက်စုံသုံးခန်းမကြီးအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်

Ministry of Information / Posted on February 10, 2026

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက်...

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်

Ministry of Information / Posted on February 10, 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်

Ministry of Information / Posted on February 10, 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023