ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်KNU အဖွဲ့ မှ အကြမ်းဖက်မှုကို လိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့) နှင့် PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


Ministry of Information/ Naypyitaw / April 26, 2024
image_latest


နေပြည်တော် ဧပြီ၂၆

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့) နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ မတ်လ ၂၄ ရက်မှစ၍ အင်အားအလွန်အကျွံအသုံးပြုကာ ဌာနဆိုင်ရာ အဆောက်အဦများ၊ ရဲစခန်းများအား ဝင်ရောက်တိုက်ခိုက်၍ အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လာခဲ့ရာ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များ၊ ရဲစခန်းများမှ အင်အားစုစည်း၍ ခုခံခဲ့သော်လည်း မတ်လ ၂၅ ရက်နေ့တွင် ကော့ဘိန်းကျေးရွာမှလည်းကောင်း၊ မတ်လ ၂၇ ရက်တွင် ဓမ္မသတ်ကျေးရွာမှလည်းကောင်း၊ အသီးသီးခေတ္တခွာခဲ့ရပြီး တရနာကျေးရွာ၌ ပြန်လည်စုဖွဲ့ခဲ့သည်။

အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကျေးရွာများအတွင်း နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရန်အတွက် ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter - Terrorism Operation) ကို ဧပြီလ ၁၁ ရက်နေ့မှ စတင်၍ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုတ်ယူ၍ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် စုစုပေါင်းထိတွေ့ တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့နှင့် လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ၍ မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဓမ္မသတ်ကျေးရွာအား ဧပြီလ ၂၂ ရက်တွင်လည်းကောင်း၊ ကော့ဘိန်းကျေးရွာအား ဧပြီလ ၂၅ ရက်တွင်လည်းကောင်း၊ တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များတွင် အကာအကွယ်ရယူပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦများအကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများကြောင့် အကြမ်းဖက်သမားများသည် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီး ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်ရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ၊ ရဲစခန်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့) နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် မြို့တွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ နေရပ်စွန့်ခွာဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး အဆိုပါကျေးရွာများ၌ တည်ငြိမ်အေးချမ်းပြီဖြစ်သည့်အတွက် အေးချမ်းစွာနေထိုင်လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် မိမိကျေးရွာများသို့ စတင်ပြန်လည်ဝင်ရောက်နေထိုင်လာကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ကြေညာချက်

Ministry of Transport and Communications / Posted on May 07, 2024

ကြေညာချက်

ကြေညာချက်

Ministry of Transport and Communications / Posted on May 07, 2024

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံများ လှူဒါန်းနိုင်

Ministry of Information / Posted on May 07, 2024

နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့်စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင်များကလည်း ပြည်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023