စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးခြင်း အခမ်းအနားတို့သို့ တက်ရောက်


Ministry of Industry/ Ministerial Office / April 22, 2024


နေပြည်တော်၊ ဧပြီ (၁၀)
    အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အေဂျင်စီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်သည်။
    ရှေးဦးစွာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် MSME လုပ်ငန်းရှင်များအား ချေးငွေများအမြန်ဆုံး ထုတ်ချေးပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ထို့ကြောင့် ချေးငွေများ ထုတ်ချေးရာတွင် အကျိုးရှိထိရောက်စေလိုကြောင်း၊ ချေးငွေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးပေးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်အောင် အဓိကဆောင်ရွက်လျက်ရှိ၍ လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိသည့် လုပ်ထုံးလုပ်နည်း များဖြစ်ရန်လည်း အရေးကြီးကြောင်း၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများကို မတည်ထားသဖြင့် ချေးငွေများ မပျောက်ပျက်ဘဲ လည်ပတ်စီးဆင်းနေအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ချေးငွေထုတ်ချေးပေးရေးနှင့် ပတ်သက်၍ အဖြေတစ်ခုရရှိ‌အောင် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
    ဆက်လက်၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ အေဂျင်စီရုံးခွဲများမှတစ်ဆင့် MSME ချေးငွေများကို လျှောက်ထားမှု၊ စိစစ်နေမှုနှင့်စိစစ်ပြီး လျှောက်လွှာများအား ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သို့ ပေးပို့ထားမှု၊ ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်ပတ်သက်၍ အကြံပြုချက်များကိုလည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက MSME ချေးငွေများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို လုပ်ငန်းရှင်များသိရှိအောင် ထုတ်ပြန်ထားရှိမှု၊ လုပ်ငန်းရှင်များ လွယ်ကူအဆင်ပြေချောမောစွာ ချေးယူနိုင်ရေးအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်သည့်အချက်များ၊ မတည်ရန်ပုံငွေအား တိုးပွား၍ လည်ပတ်အသုံးပြုနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ အဖွဲ့ဝင်များက MSME ချေးငွေများ ထုတ်ချေးပေးရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဝိုင်းဝန်း ဆွေးနွေးအကြံပြုကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
    မွန်းလွဲပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများတက်ရောက်သည်။ ထို့ပြင် စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ စက်ရုံမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဦးစီးဌာနမှူးများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ စိုက်ကွင်း/စိုက်ခြံများမှ တာဝန်ရှိသူများသည် Virtual စနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက်ရောက်သည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်း ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၄)ဖြင့် (၁၀.၂.၂၀၂၄)ရက်နေ့မှစ၍ အာဏာတည်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးရပြီးကတည်းက ဆန္ဒအလျောက် စစ်မှုထမ်းဆောင်သည့်စနစ် (Voluntary Enlistment)ကိုသာ ကျင့်သုံးခဲ့ကြောင်း၊  နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတစ်ဦးချင်းစီတွင် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအမြင်နှင့် အတတ်ပညာများသည် ပြည်သူများအားလုံး သိသင့်သိထိုက်ပြီး တတ်မြောက်ရမည့် ပညာရပ်များဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှတို့ ပေါင်းကူးပေး သည့် ပထဝီနိုင်ငံရေးအရ အချက်အချာကျသောနေရာ၊ အင်အားကြီးနိုင်ငံများ၏အကြားတွင် တည်ရှိနေသည့်အတွက် နိုင်ငံတော်ကာကွယ်ရေးအသိပညာနှင့် အတတ်ပညာများအား နိုင်ငံသားတိုင်း သိသင့်တတ်သင့်ကြောင်း၊ ယခုပြဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံး မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည့်ပုံစံမဟုတ်ဘဲ လိုအပ်သလောက် အကန့်အသတ်ဖြင့်သာ တာဝန်ထမ်းဆောင်ရမည့် ပုံစံဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ကြမည့် လူငယ်များသည် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ကြသည့် နိုင်ငံ့သားကောင်းများအဖြစ် လူမှုပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်နိုင်မည်ဖြစ်သလို စစ်မှုထမ်းဆောင်နေစဉ်ကာလအတွင်း တစ်ကိုယ်ရည်စည်းကမ်းကောင်းမွန်လာခြင်း၊ ပင်ကိုအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ရင့်ကျက်မှုပိုမိုရှိလာပြီး မိမိကိုယ်ကို ယုံကြည်မှု၊ ဇွဲလုံ့လရှိမှုနှင့် ကိုယ်ကာယကြံ့ခိုင်မှုများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထို့ပြင် စစ်မှုထမ်းခြင်းမှရရှိလာမည့် အတွေ့အကြုံနှင့် အသိပညာများကြောင့် အနာဂတ်လူငယ်များ၏ ဘဝရပ်တည်မှုကို များစွာအထောက်အကူပေးနိုင်၍ ကိုယ်ပိုင်လုပ်ငန်းခွင်နယ်ပယ်တွင်လည်း ရင်ဆိုင်ကြုံတွေ့လာရမည့် စိန်ခေါ်မှုများစွာကို ဖြေရှင်းနိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှုများရရှိစေမည်ဖြစ်ကြောင်း၊ မိမိတို့ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ယာယီရွှေ့ဆိုင်းခွင့်များအပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များကိုပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ၊ ကင်းလွတ်ခွင့်၊ လျော့ပေါ့ခွင့်၊ ယာယီရွေ့ဆိုင်းခွင့်၊ ၎င်းတို့၏ အကျိုးခံစားခွင့်များနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးသည့် နိုင်ငံရှိသလို မကျင့်သုံးသည့် နိုင်ငံများလည်းရှိကြောင်း၊ အချို့နိုင်ငံများတွင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်မှသာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းကျင့်သုံးကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်က တစ်ဦးချင်းစီ၏ သဘောဆန္ဒအရသာ စစ်မှုထမ်းဆောင်ခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးသည့် နိုင်ငံများအတွက် အလွန်အရေးပါသည့် ဥပဒေဖြစ်ကြောင်းများကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  ယခုရှင်းလင်းပြောကြားခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲများပြုလုပ်ပြီး အောက်ခြေအဆင့်ထိ နားလည်သဘောပေါက် သိရှိစေရေး ထပ်ဆင့်ပြန်လည်ရှင်းလင်းပြောကြားရန်၊ ဝန်ထမ်းများမှလည်း ဆွေမျိုးများ၊ နီးစပ်ရာအသိုင်းအဝိုင်းတို့တွင် ပြန်လည်ရှင်းလင်းပြောကြားကြရန် လမ်းညွှန်မှာကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း  သတင်းရရှိသည်။ 
(သတင်းစဉ်)

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on May 06, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

Ministry of Religious Affairs & Culture / Posted on May 06, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ အနေကဇာတင်ပါဌ် (ပါဠိ-မြန်မာပြန်)

အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်

Ministry of Information / Posted on May 05, 2024

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023